ဆိုင်ကယ်ဦးထုပ်ဖမ်းရာမှ သေနတ်နှစ်လက်မိ

0
464

ကော့သောင်းမြို့၊ နန္ဒဝန်ဈေးအနီး တွင် ဇူလိုင် ၅ ရက်နေ့က ဆိုင်ကယ် ဦးထုပ်ဆောင်းမလာသူ နှစ်ဦးအား ရပ် တန့်စစ်ဆေးစဉ် သေနတ် နှစ်လက်နှင့် ကျည်ဆန်များ ရှာဖွေသိမ်းဆည်းမိခဲ့ ကြောင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ထံမှသိရသည်။

ယင်း ဆိုင်ကယ်သည် အေးရိပ်ငြိမ်း ရပ်ကွက်ဘက်မှမြို့တွင်းဘက်သို့ မောင်းနှင်လာပြီး ဆိုင်ကယ်ဖင်ထိုင်ခုံ အောက်တူးဘောက်စ်အတွင်းမှ သေနတ်နှင့် ကျည်များ တွေ့ရှိခဲ့သည်ဟု ယာဉ်စည်ကမ်း လမ်းစည်ကမ်း ထိန်း သိမ်းရေးအဖွဲ့ခေါင်းဆောင် ဦးမြင့်နိုင် က ဆိုသည်။

ဆိုင်ကယ်ထိုင်ခုံအောက်တွင် အဝတ်အစားများနှင့် ပတ်ထားသည့် ကျည်ခြောက်တောင့်ပါ ၃၂ ဗို့ ခြောက် လုံးပြူးတစ်လက်၊ ပစ္စတိုတစ်လက်နှင့် အခြား ကျည်ကတ်အတွင်း ကျည်ခြောက် တောင့်ကို ဖမ်းမိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒါကြောင့် ဆိုင်ကယ်မောင်းသူကို ချက်ချင်း ဖမ်းဆီးလိုက်ခဲ့တာ” ဟု ဦးမြင့်နိုင်က ဆိုသည်။
လက်နက်ခဲယမ်းများနှင့် ဖမ်းမိသူ နှစ်ဦးအား ဥပဒေအရ အရေးယူနိုင်ရေး စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ကော့သောင်းမြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။