ဗိုလ်မှူးကြီးဗထူး မွေးနေ့အထိမ်း အမှတ်ပွဲများ ကျင်းပမည်

0
367

ဗိုလ်မှူးကြီးဗထူး၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်မူဖြင့်ထားဝယ် တိုင်းရင်းသား များပါတီမှ ဦးဆောင်ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
ဗိုလ်မှူးကြီးဗထူး၏ မွေးနေ့ဖြစ် သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဗိုလ်မှူး ကြီးဗထူးကြေးရုပ်၌ ထားဝယ်တိုင်းရင်း များပါတီအပါအဝင် ဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများက လွမ်းသူ ပန်းခွေများချကာ အောက်မေ့ဖွယ်အခမ်း အနား ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် ကမြောကင်းကျေးရွာ ရေဆိပ်ကျောင်းတွင် သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်ပြီး စာတမ်းဖတ် ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ထားဝယ်ပြည့် သူ့ဆေးရုံကြီးတွင် သွေးလှူဒါန်းခြင်းပြု လုပ်မည်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်း သားများပါတီထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ရှိ တိုင်းအားကစား ကွင်းတွင် ထားဝယ်တိုင်းရင်းသားများ ပါတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးတွဲအသင်းနှင့် သဘင်အစည်းအရုံး၊ လူရွှင်တော်များပူးတွဲအသင်း တို့က ချစ် ကြည်ရေး ဘောလုံးကစားကြမည် ဖြစ် သည်။

ဗိုလ်မှူးကြီးဗထူး၏ နှစ် ၁၀၀ ပြည့် အခမ်းအနားများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ထားဝယ် တိုင်းရင်းသားများ ပါတီနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ ပါဝင်သော ကော်မတီတို့ ပူးပေါင်း၍ ယမန်နှစ်က ၂၀၁၆ ခုနှစ်က ပွင့်လင်း ရာသီတွင် စည်ကားစွာ ကျင်းပမည်ဟု စီစဉ်ခဲ့သော်လည်း ဖြစ်မလာခဲ့ပေ။
ဂျပန်တို့ကို တော်လှန်ရာတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ သော ဗိုလ်မှူးကြီး ဗထူးကို ၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့ နယ် လေးသွန်းခံ ကျေးရွာ၌ မွေးဖွားခဲ့ သည်။