အခွန်များကြောင့် ရွှေရောင်းအားများ သိသိသာသာကျဆင်းလာ

0
401

ဇူလိုင် ၁ ရက်မှစပြီး ရွှေထည်နှင့် ကျောက်မျက်ရတနာများ ရောင်းချရာ တွင် ဝယ်ယူသူများမှ ကုန်သွယ်ခွန်ပေး ဆောင်နေရသည့် အတွက် ရောင်းအား သိသိသာသာ ကျဆင်းလာကြောင်း မြိတ်မြို့ရှိ ရွှေနှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များထံမှ သိရသည်။

“ရွှေတွေကို သူတို့လိုတာရွေးဝယ် ပြီးလို့ အခွန်ဆောင်ရမယ်လို့ ပြောလိုက် ရင် တချို့ကလည်း ဝယ်သွားတယ်။ အများစုက မဝယ်ဘဲပြန်သွားတယ်။ မဝယ်တော့မရောင်းရ။ မရောင်းရတာ များရင်ဆိုင်ပိတ်ဖို့ပဲရှိတယ်”ဟု အောင်နီ လာ ရွှေဆိုင်မှ ဒေါ်မြင့်မာစန်းက ပြော သည်။

ရွှေထည်နှင့် ကျောက်မျက်ရတနာ ဝယ်ယူသူအချို့မှာ အခွန်ဆောင်ရ မည်ဆိုပါက မဝယ်ယူလိုတော့ကြောင်း ပြောဆိုကာ ပြန်သွားကြပြီး ဝယ်ယူသူ အချို့မှာ အခွန်မဆောင်ရသော ဆိုင်ကို ရှာဝယ်မည်ဟုပြောကာ ပြန်ထွက်သွား ကြလေ့ရှိနေကြောင်း မြိတ်ဈေးကြီးရှိ ရွှေ အရောင်းဆိုင် တစ်ဆိုင်က ပြောသည်။
“ရောင်းအားက ၃၀ ရာခိုင်နှုန်း လောက် ကျဆင်းသွားတယ်”ဟု မြို့ သစ်ဈေးရှိ ဟင်္သာရွှေဆိုင်ရှင် ကိုနိုင်က ပြောသည်။

ရွှေရောင်းအားများ ကျဆင်းခြင်း သည် မိုးရာသီတွင် လုပ်ငန်းပါးသည့် အတွက်ကြောင့်ကျခြင်းလော၊ အခွန် ကြောင့်လားဆိုတာ ခန့်မှန်းမရ ဖြစ်နေ ကြာင်း ကိုနိုင်က ပြောပြသည်။

သို့သော် ပြီးခဲ့သည့်နှစ် မိုးရာသီ ဝါမဝင်မီရွှေဝယ် ယူသူများရှိနေပြီး ယခု ကဲ့သို့ ရောင်းအားကျဆင်းမှု မရှိကြောင်း ရွှေဆိုင်အချို့ထံမှ သိရသည်။
“အခွန်ဆောင်ရမယ်ဆို မဝယ်ဘဲ ပြန်ထွက်သွားတာလဲရှိတယ် တချို့က လည်း လက်ခံတယ် ငွေပမာဏ များတဲ့ သူကျတော့ လက်မခံချင်ဘူး။ အဲလိုဖြစ် တော့ ရောင်းအားလည်း ကျတာပေါ့” ဟု ရွှေနိုင်ငံ ရွှေဆိုင်မှ ကိုဟန်မင်းစိုးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၃၀ ရက်မှစပြီး မြိတ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ရွှေ ဆိုင်လုပ်ငန်းရှင်များကို ကုန်သွယ်ခွန် တံဆိပ်ခေါင်းများကို ထုတ်ပေးထားပြီး ဖြစ်ကြောင်း ယင်းရုံးမှ သိရသည်။ ရွှေရောင်း ချရာတွင် ပေးသွင်းရမည့် ကုန်သွယ်ခွန်မှာ ရွှေထည်သီးသန့်အတွက် အခွန်တစ်ရာခိုင်နှုန်း စိန် မြ နီလာ ကျောက်မျက်ရတနာပါသည့် လက်ဝတ်ရတနာဖြစ်ပါက အထူးကုန်စည် ဖြစ်သည့် ကျောက်မျက်ရတနာ တန်ဖိုး အပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ထပ်မံကောက်ခံသည်။ À