Fackbook မသုံးဟု တနင်္သာရီ ဝန်ကြီးချုပ်ပြော

0
460

Fackbookကို တစ်ခါမျှ မကြည့် ဖူးကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ပြောဆိုခဲ့သည်။
ထားဝယ်ဒေသ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေး ကိစ္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြော ကြားခဲ့ခြင်းဖြစ်ပြီးFackbookပေါ်မှ သတင်းများနှင့် ပင်မမီဒီယာကို ရော ထွေးပြောဆိုသွားခဲ့သည်။

မီဒီယာများတွင် တိကျခိုင်မာမှု မရှိသည့် သတင်းများကို ဖော်ပြပါက ပြည်သူများ ထင်ယောင်ထင်မှားဖြစ်ကာ အစိုးရကို သိက္ခာကျစေကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား သည်။
တိကျခိုင်မာမှုမရှိသည့် သတင်း များကို ဖော်ပြပါက အစိုးရအဖွဲ့ သိက္ခာ ကျသကဲ့သို့ မီဒီယာကျင့်ဝတ် အပိုင်းတွင် လည်း အားနည်း သွားစေနိုင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

ထားဝယ်ခရိုင် လျှပ်စစ်မီးဖြန့်ဖြူး ရေးနှင့် ပတ်သက်သည့် တင်ဒါကိစ္စတွင် တိုင်းအစိုးရကို လာဘ်ငွေအဖြစ် သိန်း နှစ်ထောင် ပေးခဲ့သည်ဟု လူမှုကွန်ရက် တစ်ခုဖြစ်သည့် Fackbookပေါ်တွင် အောင်ကို ဆိုသူက (post) တင် လိုက် သည်ကို ဝန်ကြီးချုပ်ရုံးအဖွဲ့က ပြောပြ၍ သိရသည်ဟုဆိုကာ ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းသည်။

“ဒီမီဒီယာတွေဘာတွေ ကျွန်မ စိတ်လည်း မဝင်စားပါဘူး။ သိလည်း မသိဘူး။ ရုံးအဖွဲ့တွေက ပြောလို့ အောင်ကိုဆိုတာ ကျွန်မသိပါတယ်။ ကျွန်မကစိတ်မဝင်စားပါဘူး။Fackbook လည်း တစ်ခါမှ မကြည့်ဖူးဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူ တစ်ဦးအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိသည့် တရားဝင်မီဒီယာနှင့် လူမှု ကွန်ရက်ဆိုရှယ်မီဒီယာFackbook ကို ကွဲကွဲပြားပြား မသိသည်မှာ မဖြစ်သင့် ကြောင်းEleven မီဒီယာမှ ထားဝယ် အခြေစိုက်သတင်းထောက် ဦးဖြိုးဇင်က ဆိုသည်။
“မီဒီယာတွေ ရေးလိုက်တဲ့ သတင်း ကို လွဲမှားနေတယ်လို့ ထင်မြင်ယူဆရင် သက်ဆိုင်တဲ့ ဂျာနယ်တိုက်နဲ့ မီဒီယာ ကောင်စီကို တိုင်နိုင်တဲ့ အခွင့်အရေးရှိ တာပဲ”ဟု ဦးဖြိုးဇင်က ပြောသည်။

Fackbook မသုံးဟု ဝန်ကြီးချုပ် က ဆိုသော်လည်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အမည်ဖြင့်Fackbook စာမျက်နှာ အချို့ရှိသည်။
တရားဝင် သတင်းမီဒီယာများကို အရေးယူမည်ဟု ဝန်ကြီးချုပ် ကခြိမ်း ခြောက် ပြောဆိုမှုများလည်းရှိခဲ့ဖူး ပြီး ယခုသတင်းစာရှင်းလင်းပွဲတွင်မူ မီဒီယာများကို စတုတ္ထမဏ္ဍိုင် အဖြစ် ထင်မြင်ယူဆဆဲ ဖြစ်ကြောင်း ပြောဆို ခဲ့သည်။