ဈေးများတွင် တိုင်နိုင်မည်

0
373

ထားဝယ်ဒေသရှိ ဈေးအချို့တွင် စားသုံးသူနှင့် ပတ်သက်သည့် မကျေနပ် ချက်များကို တိုင်ကြားနိုင်သည့် စာတိုက် ပုံးများကို ထားပေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနထံမှ သိရသည်။

စားသုံးသူနှင့် ပတ်သက်သည့် မကျေနပ်ချက်များကို ရုံးတွင် တိုင်ကြား သည့်ဓလေ့မရှိကြသည့်အတွက် တိုင် ကြားနိုင်သည့် စာတိုက်ပုံးများထားရှိရန် စီစဉ်ရခြင်းဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။

စားသုံးသူဆိုသည်မှာ စားသောက် ကုန်များ သာမက ထုတ်ကုန်များ၊ ဝန် ဆောင်မှု လုပ်ငန်းများအထိ ပါဝင်သည်။
မကျေနပ်ချက်များကို တိုင်ကြား မည်ဆိုပါက အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပတ် အစရှိ သည့် အချက်များ ဖြည့်သွင်းရမည်ဖြစ် သော်လည်း ယင်း အချက်အလက်များ မပါဝင်ပါကလည်း တိုင်ကြားသည့် လုပ်ငန်းကိုစစ်ဆေးသွားမည်ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။

“နစ်နာသူတွေက ရုံးမှာ တိုင်နိုင်ပေ မယ့် တိုင်ကြားမှု မရှိလို့ပါ”ဟု ဦးဝင်း ထွန်းက ပြောသည်။
စားသုံးသူ နစ်နာမှုများ တိုင်ကြား နိုင်ရန် ဆောင်ရွက်နေခြင်းနှင့်အတူ စား သုံးသူဆိုသည့် အဓိပ္ပာယ်ကို ဒေသခံများ ပိုမိုသိရှိနိုင်ရန် အသိပညာပေးခြင်းကိုပါ ပူးတွဲလုပ်ဆောင်သင့်ကြောင်း ထားဝယ် မြို့ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်နေ အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။

“စားသုံးသူရေးရာ ဆိုတာကို ဘာ မှန်း မသိသေးတဲ့ လူတွေက အများကြီး ရှိနေသေးတယ်”ဟု အဆိုပါ အမျိုးသား က ပြောသည်။
ယင်းအပြင် ထားဝယ်မြို့ရှိ တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင် ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ကို လာမည့် အပတ်တွင် ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။

အဆိုပါ (CICC) တွင် လာရောက် တိုင်ကြားပါကသတ်မှတ်ပုံစံတွင် အချက်အလက်များ ဖြည့်သွင်းရန် လိုအပ်ပြီး တိုင်ကြားချက်ကို တိုင်း ဒေသကြီး စီမံ၊ ဘဏ္ဍာ ဝန်ကြီးဦးဆောင် သည့် စားသုံးသူ အငြင်းပွားမှု ဖြေရှင်း ရေး အဖွဲ့ ကို တင်ပြပြီး ချက်ချင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာနထံမှ သိရ သည်။