စားသောက်ဆိုင်အတွင်း မူးယစ် ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူးနေသူ ၃ ဦးအား ဖမ်းဆီးရမိ

0
392

မြိတ်မြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဇွန်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖြန့်ဖြူး နေသူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။
ကန်ကြီးနယ်မြေ၊ မြန်အောင် ရပ်ကွက်ရှိ အဆိုပါ စားသောက်ဆိုင် အခန်းအတွင်း မူးယစ်ဆေးဝါးများ လာရောက်ရောင်းဝယ်ဖြန့်ဖြူးနေ ကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ အမျိုးသား ၃ ဦးနှင့် ၎င်းတို့၏ခန္ဓာ ကိုယ်နှင့်အခန်းအတွင်းမှ WY စာတန်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား တွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

အမျိုးသား ၃ ဦးတို့၏ ထွက်ဆို ချက်အရ လွန်ခဲ့သော ၃ နာရီအချိန်ခန့်က မြိတ်မြို့ မြိတ်တောင်ကျေးရွာ ဘုတ် ချောင်းရပ်နေ သူရစိုးဆိုသူထံမှ ဝယ်ယူ ရရှိခဲ့ကြောင်းသိရှိရ၍ သူရစိုး၏ နေအိမ် အား သွားရောက်ရှာဖွေဖမ်းဆီးရာ သူရစိုး မှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသား ၃ ဦးနှင့် ဖမ်းဆီးရမိခြင်းမရှိသေးသော သူရစိုး ဆိုသူတို့အား မြို့မရဲစခန်းက မ/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် ရေးယူ ဆောင်ရွက်ထားကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။