မြိတ် ကမ်းနားလမ်းတစ်လျှောက် ပလက်ဖောင်းအသစ် ပြန်ပြင်မည်

0
395

မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် ရှိ ပလက်ဖောင်းများကိုအသစ် ပြန်ပြင် သွားမည်ဟု မြိတ်မြို့နယ်စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။ အရှည်ပေ တစ်သောင်းကျော်ရှိသော မြိတ်ကမ်းနား လမ်းတစ် လျှောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်အတွက် စည်ပင်ဘဏ္ဍာငွေမှ ပေ ၉၀၀၀ အတွက် ပလက်ဖောင်းများကို အသစ် ပြန်လည်ပြုပြင်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“အပင်တွေရှင်းပြီးရင် နောက်လယ် အမှတ်(၁) ဗောတံတားကနေ ဆိပ်ငယ် တံတားအနီးအထိ ပေ ၁၃၀၀ လောက်ကို အရင်လုပ်သွားမယ်။ ပြီးရင် ကျန်တဲ့ အပိုင်းတွေကို တဖြည်းဖြည်း ဆက်လုပ် သွားမယ်”ဟု မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ယခုလက်ရှိ အဆိုပါပလက်ဖောင်း များပေါ်ရှိ အုန်းပင်များ၏ အမြစ်များ ကြောင့် ပလက်ဖောင်းပျက်စီးနေသဖြင့် နှစ်စဉ် ပြုပြင်နေရကြောင်း စည်ပင် ကော်မတီထံမှ သိရသည်။ယင်းပလက် ဖောင်းပေါ်ရှိအပင်များကို ဇွန်လ ၂၇ ရက်နေ့က စတင် ခုတ်ထွင်ရှင်းလင်းနေပြီး ကမ်းနားလမ်း၏ တစ်ဖက်ခြမ်းတွင် အရိပ်ရအပင်များကို ပြန်လည်စိုက်ပျိုး သွားဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးထံမှ သိရသည်။

စည်ပင်ဘဏ္ဍာမှာ ပေ ၉၀၀၀ အတွက်ရထားသော်လည်း ကျန်ရှိသော အပိုင်းများကို မြို့သူမြို့သားများ၊ စေတနာ ရှင်အလှူရှင်များ၏ အလှူငွေများဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ယင်းကော်မတီထံမှ သိရ သည်။