ကော့သောင်းမြို့ပေါ် တည်းခိုခန်းတွင် မူးယစ်ဆေးပြား နှစ်ထောင်ကျော်မိ

0
411

ကော့သောင်းမြို့ပေါ်ရှိ တည်းခို ခန်းတစ်ခုတွင် WY ဆေးပြား နှစ်ထောင် ကျော်ဖမ်းမိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။
ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ ကျောင်းလမ်းရှိ မေတ္တာမွန်တည်းခိုခန်း ကို ဇွန်လ ၂၈ ရက်နေ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ တည်းခိုသူအမျိုးသား နှစ်ဦးထံမှ WY စာတမ်းစာပါ စိတ်ကြွ ဆေးပြား ၂၅၉၅ ပြားကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ မြန်မာငွေစက္ကူ ၁၈၆၁၀၀ ကျပ်၊ ထိုင်း ဘတ်ငွေ ၁၂၀၀၀ ဘတ်၊ ဖုန်း ၃ လုံး၊ Power Bank တစ်ခုတို့ကို သိမ်းဆည်း ရမိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ကော့သောင်းမြို့မ ရဲစခန်းတွင် မယ(ပ)၃၇၊၂၀၁၇၊ မူး၊ စိတ်ပုဒ်မ ၁၅/၁၉(က)၊၂၀(က)၊၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။