ကော့သောင်းနယ်စပ် ကုန်သွယ်မှု ပမာဏ သုံးလအတွင်း အမေရိကန် ဒေါ်လာသန်း ၃၀ ရှိ

0
386

ကော့သောင်းနယ်စပ်ဂိတ်မှ သုံးလ အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း ၃၀ ရှိခဲ့ကြောင်း ကော့သောင်း နယ်စပ်ကုန်သွယ်ရေးရုံးထံမှ သိရသည်။
၂၀၁၇ ခုနှစ် ဧပြီလ မှ ဇွန်လ ၂၄ ရက်နေ့အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆.၃၃၃ သန်း ၊ သွင်းကုန်တန်ဖိုး ၁၄.၅၃၃ သန်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၀.၈၆၆ သန်း ရရှိခဲ့သည်ဟု အထက်ပါဌာန ထံမှ သိရသည်။
ကော့သောင်းနယ်စပ်ဂိတ်မှနေ၍ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက် ပစ္စည်း အများဆုံးတင်ပို့ပြီး ထိုင်းဘက်မှ ဘိလပ်မြေကို အဓိကပြန်လည် တင်သွင်း ကြောင်း သိရသည်။