ပြည်နယ်နှင့်တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ တနင်္သာရီတိုင်းဗိုလ်စွဲ

0
775

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ဗိုလ်စွဲ ခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ ပြိုင်ပွဲကို ပြည်နယ်နှင့် ၁၄ ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မန္တလေး တိုင်းမှဒုတိယ၊ ကရင်ပြည်နယ်မှ တတိယ ရရှိခဲ့ကြောင်း တိုင်းအား/ကာမှ ဦးစီး အရာရှိ ဒေါ်အောင်အောင်ကပြောသည်။

ပြိုင်ပွဲကို တနင်္သာရီတိုင်းမှ အမျိုး သား ၁၁ ဦး အမျိုးသမီး ၅ ဦး စုစုပေါင်း ကစားသမား ၁၆ ဦးယှဉ်ပြိုင် လျက်ရှိ ကြောင်း အထက်ပါ ဦးစီးဌာနထံမှ သိရ သည်။