သဘော့ဆိပ်ရွာ မုဒိမ်းမှု ထောင်ဒဏ်နှစ် ၂၀ အမိန့်ချ

0
373

လောင်းလုံးမြို့နယ် သဘော့ဆိပ် ရွာတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လက ပုခက်အတွင်း အိပ်ပျော်နေသည့် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းကျင့်ခဲ့သူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ် လိုက်ကြောင်း ထားဝယ်ခရိုင် တရားရုံးထံမှ သိရသည်။

မုဒိမ်းမှု ကျူးလွန်သူ အသက် ၃၃ နှစ်အရွယ် ရေလုပ်သားဖြစ်သူ ဦးချစ်ကို ကို ဇွန်လ ၂၃ ရက်က ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်းဖြစ်ပြီး တရားရုံးတွင် အမှုစစ်ချိန် ၆ လခန့် ကြာမြင့်ခဲ့ကြောင်း ခရိုင်တရားရုံး မှတ်တမ်းအရ သိရသည်။

“ဒီပုဒ်မရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ကို ချလိုက်တာပါ” ဟု ထားဝယ်ခရိုင် တရားသူကြီး ဒေါ်သန်းသန်းအေးက ပြောသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် ည ၉ နာရီခန့်တွင် မိခင်ဖြစ်သူက အသက် ၂ နှစ် အရွယ် သမီးဖြစ်သူကို နေအိမ်ရှိ ပုခက်အတွင်း သိပ်ထားခဲ့ပြီး သဘော့ဆိပ်ကမ်းခြေရှိ လက်ဖက်ရည် ဆိုင်တွင် တီဗီကြည့်နေစဉ် နေအိမ်ကို ဝင်ထွက်သွားလာလေ့ရှိသူ ဦးချစ်ကိုက မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်း အရ သိရသည်။