အနံ့ဆိုး ရောင်နီ

0
465

တာဝန်ယူမှု တာဝန်ခံမှု အပြည့် အဝမရှိတဲ့ သဘောဆိုပါတော့။
ပြည်သူ့အစိုးရကို မျက်နှာပြောင် တိုက်တယ်ပဲ ပြောရမလား မသိတော့ ပါဘူး။
တိုင်းအစိုးကပဲ ကိုင်တွယ်မှု အား နည်းတာလား စက်ရုံတွေက လိုက်နာမှု အားနည်းတာလားဆိုတာ မေးစရာတွေ ဖြစ်နေပါပြီ။
ပြည်သူ့အစိုးရ သက်တမ်းတစ်နှစ် ကျော်ခဲ့ပြီးနောက် ငါးအမှုန့်ကြိတ် စက်ရုံ တွေက အနံ့ဆိုး ပပျောက်ရေးအတွက် တိုင်းလွှတ်တော်အတွင်း စတင်အသက် ဝင်ပါပြီ။

မြိတ်မြို့နယ် တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဒေါ်ရီရီချိုက ဇွန်လ ၂၈ ရက်မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ ငါးအမှုန့် ကြိတ်စက်ရုံနဲ့ပတ်သက်ပြီး ကြယ်ပွင့်ပြ မေးခွန်းနဲ့ မေးမြန်းခဲ့တာပါ။မြိတ်မြို့ပေါ်ရှိ ပတ်ဝန်းကျင် လေထု ညစ်ညမ်းသည့် အနံ့ဆိုးများဖြစ်ပေါ်နေ သော ငါးအမှုန့်ကြိတ် စက်ရုံများကို မည်သည့်အချိန်တွင် မည်ကဲ့သို့ အရေး ယူစီမံ ဆောင်ရွက်သွားမည်ကို သိရှိလို ကြောင်း လွှတ်တော်အတွင်း မေးမြန်းခဲ့ ပါပြီ။

ပြည်သူတွေ နှစ်ရှည်လများ စောင့် စားနေရတဲ့ မျှော်လင့်ချက်က အစိုးရ သက်တမ်း တစ်နှစ်ကျော်မှ လွှတ်တော် အတွင်းက လှုပ်ခတ်မှုလေးပေါ့။
ဘာပဲပြောပြော မေးခွန်း မေးမြန်း ခဲ့တဲ့ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ကျေးဇူး တင်မိပါတယ်။
ယင်းမေးခွန်းအတွက် အဖြေက ဘာများပါလိမ့်။အဖြေက ဘိတ်သူ/သားတွေ အတွက် အပြည့်အဝအရ ကျေနပ်စရာ မဟုတ်ပေမယ့် ထိုက်သင့်သလာက်တော့ ကျေနပ်မယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက စက်ရုံ တွေက လုပ်ငန်းရှင်တွေကို မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ကျွန်းရတနာခန်းမမှာ ခေါ်ယူတွေ့ဆုံပြီး အနံ့ဆိုးများ ထပ်မံထွက်ရှိပါက ငါးအမှုန့် ကြိတ်စက်ရုံတွေကို ပိတ်သိမ်းခြင်းခံရမည့်အပြင် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေနဲ့အညီ အရေးယူခြင်းခံရမည်ကို ခံဝန်လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဆိုတော့ ငါးအမှုန့်ကြိတ် စက်ရုံ တွေက အနံ့ဆိုးတွေ ထွက်နေသေး လား ဆိုတာ စောင့်ကြည့်ရမယ် သဘောပေါ့။

အနံဆိုးတွေထွက်နေတုန်းဆိုရင် တကယ်ပဲ လက်တွေ့ကျကျ အရေး ယူမလား။
ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့ အစိုးရရဲ့ တိကျပြတ်သားတဲ့ အရေး ယူမှုတွေ လှုပ်ဆောင်မှု တွေကသာလျှင် ပြည်သူနဲ့အတူဆိုတဲ့ စာသားလေးနဲ့ ပြည့်စုံမှာပါ။ တကယ့်လက်တွေ့ လုပ် မလုပ်ကိုတော့ အနံ့ဆိုးထွက်တဲ့ အချိန် အဖြေပေါ်ပါပြီ။
ဘိတ်သူ /သားများ အနံဆိုးသံသရာ မှ ကင်းဝေးကြပါစေ။