Miss Universe Dawei 2017 Winner ဆုကို August Moe ရရှိ

0
4630

Miss Universe Dawei 2017 Winner ဆုကို ပြိုင်ပွဲဝင် နံပါတ် ၁၆ ဖြစ်သည့် August Moe က ရရှိခဲ့သည်။ Miss Universe Dawei နောက်ဆုံး Final ပွဲကို ဇွန်လ ၃၀ ရက်နေ့ ည ၆ နာရီတွင် Hotel Dawei ရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“အခုလို ဆုရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု August Moe က ဆိုသည်။

August Moe သည်Miss Universe Dawei 2015 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး 1st Runner Up ဆုကို ရရှိခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
“Winner ရမယ်လို့ မထင်ထားဘူး။ အခုလိုမမျှော်လင့်ဘဲ Winner ရတာ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ အရမ်းပျော်ပါတယ်။ Voting ပေးကြတဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။Miss Universe 2018 ပြိုင်ပွဲကြီးအတွက် တိုင်းကိုယ်စားပြုတစ်ယောက် အနေနဲ့ လိုအပ်တာတွေအားလုံး ပြင်ဆင်ပြီး ညီမအစွမ်းကုန်ကြိုးစားပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ” ဟု August Moe က ပြောသည်။

1st Runner Upဆုကို ပြိုင်ပွဲဝင်နံပါတ် ၁၄ မသီမာလွင်နှင့် 2nd Runner Up ဆုကို ပြိုင်ပွဲဝင်နံပါတ် ၁၀ မချုးချူးထွဋ်တို့က ရရှိခဲ့သည်။
ပြိုင်ပွဲကို Myanmar Idol Season 2 Winnerဆုရှင် တေးသံရှင် သားငယ်နှင့်အတူ တေးသံရှင် ထက်အောင်၊ မိုးကောင်းလွင်တို့က လာရောက်ဖျော်ဖြေခဲ့ကြသည်။ August Moe သည်အရပ် ၅ပေ၇လက်မရှိပြီး အသက်က ၁၈နှစ် ရှိပြီဖြစ်သည်။