မော်လမြိုင်တွင် အဝေးပြေးယာဉ် ရပ်နားစခန်းသစ် တည်ဆောက်မည်

0
438

မွန်ပြည်နယ် မော်လမြိုင် မြို့ပေါ် တွင် မော်တော်ယာဉ်များအားလုံး ရပ်နား နိုင်သည့် အာဆီယံအဆင့်မီ အဝေးပြေး ယာဉ်ရပ်နား စခန်းအသစ်တစ်ခု တည် ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိ သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါအဝေးပြေးယာဉ်ရပ်နားစခန်းအသစ်ကို မြေဧက ၄၀ ကျော်ရှိ လှိုင် ရပ်ကွက်နှင့် ငန်းတေးရပ်ကွက်ကြားတွင် တည်ဆောက်ရန် စီစဉ်နေသည်ဟု ပြည် နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြော သည်။

“အဲဒီမှာ တပေါင်းတစည်းတည်း အဝေးပြေးကားတွေရော ကုန်ကားတွေ ရော အကုန်လုံးပါဝင်တဲ့ အဝေးပြေးယာဉ် ရပ်နားစခန်းကို အာဆီယံအဆင့်မီ လုပ် ဖို့ ကျနော်တို့ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ မယ့်ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်ထားပြီးသားဖြစ်ပါတယ်။ လက်ရှိ ညှိနှိုင်းနေ တာကတော့ အပေးအယူကိစ္စပါ၊ ကျွန် တော်တို့က မြေပေးမယ် သူတို့က ဒီ အပေါ်မှာ ရင်းနှီးမြှုပ်နှံမယ် ပြည်နယ် အစိုးရက ဘယ်လို အကျိုးအမြတ်ရမလဲ ပေါ့။ အသေးစိတ်ပြန်လည် ညှိနှိုင်းနေပါ တယ်” ဟု ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီနှင့် နောက်တစ်ကြိမ် ထပ်မံဆွေးနွေးပါက အားလုံးပြီးမြောက်နိုင်သည့် အနေ အထားရှိကြောင်း၊ ပြီးစီးသည့်အခါ ပြည် နယ်လွှတ်တော်၏ သဘောထားကို ရယူပြီး အမြန်ဆုံး ဆောင်ရွက်သွား မည် ဟု ဦးမင်းထင်အောင်ဟန်က ဆက်ပြော သည်။
လက်ရှိ မော်လမြိုင် လှိုင်အဝေးပြေး ကားဝင်းသည် ဧရိယာ ၄.၁၇ ဧက ကျယ် ဝန်းပြီး ကားဝင်းနှင့် ဆက်စပ်မြေဖြစ် သည့် အသုံးမပြုရသေးသော မြေ ၂.၄၃ ဧကကျန်ရှိနေသေးသည်။ အဆိုပါ ကျန်ရှိနေသေးသည့်မြေဖြင့် ကားဝင်းတိုး ချဲ့ရန်မရှိဘဲ ကားဝင်းအသစ် တည် ဆောက်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးက လွှတ်တော်တွင် ဖြေဆိုခဲ့ သည်။

သို့သော် အချို့လုပ်ငန်းရှင်များကကားဝင်းပြောင်းမည့်အစား လက်ရှိ ဝင်း ကို တိုးချဲ့စေချင်သည်။
“အခြားနေရာကို ပြောင်းလိုက် လို့ရှိရင် ဝေးသွားမယ်ဆိုရင် ခရီးသည် တွေအတွက် သွားလာရတာ တအားခက် ခဲမယ်၊ ညပိုင်းဆိုက်တဲ့ကားတွေအတွက် လည်း အဆင်မပြေဘူး၊ ဒီနေရာ (လက် ရှိ လှိုင် အဝေးပြေးကားဝင်း) က မြို့နဲ့လည်း သွားလို့လာလို့အဆင်ပြေ တယ်” မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

သို့သော်လည်း လှိုင်ကားဝင်းကို ထပ်မံတိုးချဲ့မည်ဆိုပါကလည်း လက်ရှိ ကြုံတွေ့နေရသည့်ပြဿနာကို ဖြေရှင်း နိုင်သည့်အနေအထားမရှိဘူးဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။
မော်လမြိုင်တွင် ခရီးသည်တင် ယာဉ်များ ရပ်နားသည့် မြေနီကုန်းကား ဝင်းနှင့် ကုန်တင်ယာဉ်ကြီးများ ရပ်နား သည့် ဈေးကြိုကားဝင်း ၂ ခုရှိသည်။
ယခုအခါ ခရီးသည်တင်ယာဉ် လိုင်းများ များပြားလာသည့်အတွက် မြေနီကုန်း (လှိုင်) ကားဝင်းတွင် ယာဉ် ရပ်နားရန် အခက်အခဲဖြစ်ပေါ်နေသလို ဈေးကြိုအဝေးပြေး ကားဝင်းတွင်လည်း ကုန်တင်ယာဉ်ကြီးများ လုံလောက်စွာ ရပ်နားနိုင်သည့် အကျယ်အဝန်းမရှိ သဖြင့် ယာဉ်များ လမ်းဘေးနှင့် ရပ် ကွက်အတွင်းလမ်းများတွင် ရပ်နားနေရ သည်။