တိုင်းအစိုးရအဖြေများ မြိတ် ရှောင်ကွင်းလမ်းကဲ့သို့ဟု လွှတ်တော် အမတ်ပြော

0
404

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်ချက်များကို တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ ဖြေဆိုရာတွင် လိုရင်း မရောက်ဘဲ ပုလောနှင့် မြိတ်ကြားရှိ ရှောင်ကွင်းလမ်းကဲ့သို့ ကွေ့ဝိုက်နေ ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဝေဖန်လိုက် သည်။
ကျွန်းစုမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာထူးနေအောင်က ဇွန်လ ၃၀ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
“ပြည်သူ့ကိုယ်စား ဒဲ့မေးထားတာ ဒဲ့မဖြေဘဲ မြိတ်မြို့က ရှောင်ကွင်းလမ်း လိုပဲ ဝေ့ဝိုက်ကောက်ကွေ့ပြီး ဖြေထား တာ” ဟု ဒေါက်တာ ထူးနေအောင်က ပြောသည်။

ထပ်ဆင့် မေးခွန်းများ မေးမြန်း သည်ကို သက်ဆိုင်ရာဝန်ကြီးမှ စာဖြင့် ပေးပို့ဖြေကြားပါမည်ဟု ဖြေဆိုထား သည့် အစိုးရက ၃ လကျော် ကြာမြင့် သည်အထိ မဖြေကြားသေးသည်များ ရှိနေပြီး ယင်းအဖြေကို ပြည်သူများ မျှော်နေကြောင်း ၎င်းက ပြောသည်။
“လွှတ်တော်တွင် တင်သွင်းမေးမြန်း ခဲ့ပြီး ဖြစ်သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းပြီး အောင်မြင်သော အဆိုများ နှင့် ကတိကဝတ်များ အပေါ်တွင် တိုင်းအစိုးရအဖွဲ့မှ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်း ကြောင်းအဆို”ကို ထောက်ခံဆွေးနွေး ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
အဆိုကို ဆွေးနွေးသည့် လွှတ်တော် ကိုယ်စားလှယ်များက တိုင်းအစိုးရ အကောင်အထည်ဖော်ဆောင်မှု အားနည်းသဖြင့် ကိုယ်စားလှယ်များ အနေနှင့် ပြည်သူနှင့် တွေဆုံသောအခါ ဖြေရှင်းပြရန် အခက်အခဲ အကြပ် အတည်း ဖြစ်ရကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြသည်။
အထက်ပါအဆိုအား တိုင်းလွှတ် တော်ကိုယ်စားလှယ် ၇ ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်က ကန့်ကွက် သူမရှိ အတည်ပြုခဲ့သည်။
လက်ရှိ လွှတ်တော်တွင် တင်သွင်း ခဲ့သည့် အဆိုနှင့် မေးခွန်းများအား အစိုးရ ကတိကဝတ်မြောက်သည့် အဖြေ ၆၉ ခုရှိပြီး ဆောင်ရွက်ဆဲ ၄၀ ခု၊ ဆောင်ရွက်ရန်ကျန် ၁၈ ခု၊ ပယ်ဖျက် ၁ ခုရှိကြောင်း တိုင်းလွှတ်တော် ကတိကဝတ်နှင့် အာမခံချက်များဆိုင် ရာ ကော်မတီမှတ်တမ်းအရ သိရသည်။
ယင်းမှတ်တမ်းတွင် ယခု ကျင်းပ နေသည့် အစည်းအဝေးမှ အဆိုနှင့် မေးခွန်းများ မပါဝင် သေးပေ။