ရွှေဇင်ယော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးရန် ကြီးကြပ်ရေးအဖွဲ့သစ် ဖွဲ့

0
398

ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော် ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ် ရန် ကြီးကြပ်ရေးအဖွဲ့အသစ်ကို ဖွဲ့စည်း ပြီးဖြစ်ကြောင်း ယင်းအဖွဲ့အသစ်ထံမှ သိရသည်။
ရွှေဇင်ယော် အလယ်တန်းကျောင်း တွင် ဇွန်လ ၂၅ ရက်နေ့က ကြီးကြပ်ရေး အဖွဲ့အသစ်ကို အများဆန္ဒဖြင့်ရွေးချယ် ခဲ့ပြီး ယင်းအဖွဲ့သစ်မှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ် ရေးတွင် ကြီးကြပ်ရမည် ဖြစ်သည်။ “ခုလောလောဆယ်အိမ်ထောင်စုတွေ လိုက်လံကောက်နေတယ်။ သတ်မှတ် ရက်အတွင်း အရည်အချင်းနဲ့ ကိုက်ညီတဲ့ အုပ်ချုပ်ရေးမှူးအသစ် တင်နိုင်အောင် လုပ်သွားမှာပါ” ဟုကြီးကြပ်ရေးအဖွဲ့ဝင် အသစ်တစ်ဦးဖြစ်သူ ဦးညိုဝင်းမောင်က ပြောသည်။

ရွှေဇင်ယော်ရပ်ကွက်တွင် တာဝန် ထမ်းဆောင်ဆဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး သည် ဇွန် ၈ ရက်နေ့က၎င်း၏ သဘော ဆန္ဒအရ တရားဝင်နှုတ်ထွက်ခဲ့သည့် အတွက် အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်း အရ ရက်ပေါင်း ၃၀ အတွင်း အုပ်ချုပ်ရေး မှူးအသစ် ထပ်မံရွေးချယ် ရမည်ဖြစ်သည်။