ရေကြောင်းမှသယ်သည့် မူးယစ်ဆေးများမှာ နိုင်ငံခြားပို့ရန်ဟုဆို

0
557

တိုင်းဒေသကြီး ရေပြင်ပိုင်နက်ကို ဖြတ်သန်းသယ်ဆောင်လာသည့် မူးယစ် ဆေးဝါးများမှာ ထိုင်းနှင့် မလေးရှားကဲ့ သို့ နိုင်ငံများကို ပို့ဆောင်ရန် သယ်ယူမှု များဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးက ပြောကြားလိုက် သည်။

ဖမ်းဆီးရမိမှု အတွေ့အကြုံများအရ ရေကြောင်းမှ လှေဖြင့် သယ်ဆောင်လာ သည့် မူးယစ်ဆေးများမှာ ပမာဏ များပြားလှသည့် အတွက် ဒေသတွင်း သုံးစွဲရန် မဟုတ်ဘဲ နိုင်ငံခြားတင်ပို့ရန် (ထိုင်း၊မလေးရှား စသည့်)ဖြစ်နေသည် ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူး ကြီးနေမျိုးက ဆိုသည်။
“ပင်လယ်က အပြောကျယ်တာဖြစ် တဲ့ အတွက် ရှောင်တိမ်းဖို့လည်း လွယ် တယ်၊ အဲဒီအချိန်မှာတော့ အချီကြီး ထည့်ပြီးတော့မှ ဟိုဘက်တွေအထိ သွား တဲ့ အနေအထားရှိတယ်လို့ သုံးသပ် မယ်ဆိုရင် ဖြစ်နိုင်တာပေါ့နော်” ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။

ကုန်းလမ်းခရီးမှ သယ်ဆောင်လာ သည့် မူးယစ်ဆေးဝါးများမှာ ဖမ်းမိသည့် ပမာဏအရ ဒေသတွင်း သုံးစွဲရန် ရည် ရွယ်သည်ဟု ယူဆနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မြိတ်မြို့ နယ် ကလွင်မီးပြအနီး ရပ်နားထားသည့် စက်လှေတစ်စီးပေါ်မှငွေကျပ်သိန်း ၅၇၀၀၀ တန်ဖိုးရှိICE မူးယစ်ဆေးများ ဖမ်းမိခဲ့ဖူးသည်။