ကတိကဝတ်များ ထိရောက်စွာ အကောင်အထည်ဖော်ရေး အဆိုတင်မည်

0
465

လွှတ်တော်သက်တမ်း တစ်နှစ် ကျော်အတွင်း ကတိကဝတ်ဖြစ်ခဲ့သည့် မေးခွန်းများ၊ အောင်မြင်ခဲ့သည့် အဆို များအား ထိရောက်စွာ အကောင် အထည်ဖော်နိုင်ရန် တိုက်တွန်းကြောင်း အဆိုကို ဇွန်လ ၂၈ ရက်တွင် စတင် ကျင်းပမည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

လွှတ်တော်အတွင်း ကိုယ်စားလှယ် များ မေးခဲ့သည့် မေးခွန်းများ အောင်မြင် ခဲ့သည့် အဆိုများအနက် အချို့အား အစိုးရအဖွဲ့မှ ထိထိရောက် ရောက် မလုပ်ဖြစ်သေးသည်များ ရှိနေ သဖြင့် ထိထိရောက်ရောက်ဖြစ်အောင် လုပ်စေချင်သည့်သဘောဖြင့် ယင်း အဆိုကို တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုတင်သွင်းမည့် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်(ကျွန်းစုမဲဆန္ဒနယ် အမှတ် ၂)က ပြောသည်။

“(ကတိကဝတ်တွေအပေါ်) ပြည် သူတွေက တအားမျှော်လင့်ပေမဲ့ တစ်ခါခါကျရင် သူတို့ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတာတွေ၊ လုပ်ဆောင် မှုတွေ နောက်ကျတာတွေကြောင့် ပြည် သူတွေကလည်း နည်းနည်းလေး အား မလိုအားမရ ဖြစ်တာပေါ့ဗျာ၊ အဲဒါ လေးတွေနဲ့ ပတ်သက်ပြီးတော့ ကျွန် တော်တို့က အစိုးရအဖွဲ့ကို တိုက်တွန်း တဲ့ သဘောမျိုးပါ”ဟု ဦးတိုးလွင်က ဆိုသည်။

တိုင်းလွှတ်တော်၏ ပဉ္စမပုံမှန် အစည်းအဝေးကို ဇွန်လ ၂၈၊ ၂၉၊ ၃၀၊ ဇူလိုင်လ ၃ ရက်တို့တွင် ကျင်းပ ရန်လျာထားပြီး အထက်ပါအဆို ၁ ခု၊ မေးခွန်း ၃၄ ခု၊ ဥပဒေအသစ် ၂ ခု တင်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဦးကြည်စိုးထံမှ သိရသည်။ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ တစ်နှစ်ကျော် သက်တမ်းအတွင်း လွှတ်တော်အစည်း အဝေး ကျင်းပရက် နည်းခြင်းနှင့် လွှတ် တော်ကတိကဝတ်များ အစိုးရအဖွဲ့မှ အကောင်အထည်ဖော်မှု နည်းပါးခြင်း အပေါ် တိုင်းအတွင်းမှ နိုင်ငံရေး လေ့ လာစောင့်ကြည့်သူများက ဝေဖန် နေကြ သည်။