တီဗွီမီးကြိုးကို ဖြတ်မိသည့် KG ကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံး

0
311

ပလပ်ပေါက်ထိုးထားသည့် တီဗွီမီး ကြိုးကို သံဆူးကြိုးဖြတ်သည့် ကိရိယာ ဖြင့် ဖြတ်မိသည့် ကော့သောင်းမြို့မှ KGကျောင်းသားတစ်ဦး ဓာတ်လိုက်သေ ဆုံးခဲ့ကြောင်း ရွှေပြည်သာရပ်ကွက် နာရေး ကူညီမှုအသင်းထံမှ သိရသည်။

ဇွန်လ ၁၂ ရက်က ရွှေပြည်သာ ရပ် ကွက်၊ မဟာဗန္ဓုလလမ်းသွယ် တွင် နေထိုင်သည့် အသက် ၅နှစ်အရွယ် KG ကျောင်းသားသည် နေအိမ်ရှိ တီဗွီကြိုးကို ကြေးနုတ်(သံစူးကြိုးဖြတ် သည့်ကိရိယာ) ဖြင့် ညှပ်ကစားရာမှ ကြိုးပြတ်ကာ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အသင်းထံမှ သိရသည်။
ကလေးငယ်သည် အဖိုးအဖွား နှင့် အတူနေထိုင်ပြီး အဖွားဖြစ်သူ အိပ်ပျော် နေစဉ် တီဗီရှေ့ထိုင်ကာ ဆော့ကစားခဲ့ ခြင်းဖြစ်သည်ဟု ရွှေပြည်သာရပ်ကွက် နာရေးကူညီမှုအသင်းမှ ကိုမိုးတိမ်က ဆိုသည်။

ကလေးအား ဆေးရုံသို့ အချိန်မီ ကုသရန် ပို့ဆောင်သော်လည်း ဆေးရုံ ရောက်ချိန်တွင် သေဆုံးသွားခဲ့ကြောင်း ရွှေပြည်သာ နာရေးကူညီမူ အသင်းထံမှ သိရသည်။