မွေးမြူရေးဇုန်ရှိ သိမ်းဆည်းမြေယာ ကိစ္စမှန်ကန်အောင် မဆောင်ရွက်ပေးပါက ဆန္ဒထုတ်ဖော်မည်ဟုဆို

0
410

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု မွေးမြူရေးဇုန်ရှိ သိမ်းဆည်းမြေယာ များကိစ္စ မှန်ကန်အောင် မဆောင်ရွက်ပေး ပါက ဆန္ဒဖော်ထုတ် မည်ဖြစ်ကြောင်း မြေသိမ်းခံထားရသည့် ကာယကံရှင်များ က ပြောသည်။

အဆိုပါ သိမ်းဆည်းမြေယာများ အား ဥပဒေနှင့်အညီ ပြန်လည်ရရှိနိုင်ရေး အတွက် ဇွန်လ ၂၀ ရက်က သတင်းစာ ရှင်းလင်းပွဲကို မြိတ်မြို့၊ အောင်ဗိုလ်စံ မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။” တစ်လအထိ စောင့်ကြည့်လို့ လက်ရှိအစိုးရကနေ မှန်ကန်အောင် မဆောင်ရွက်ပေးဘူးဆိုရင် ဆန္ဒပြပွဲလုပ် မယ်” ဟု မြေယာများ ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးသူ ဦးတိုးတက်နိုင်က ပြောသည်။

မွေးမြူရေးဇုန် ဘုတ်ချောင်းရွာပိုင် အတွင်းရှိ မြေ ၅ ဧကကျော်နှင့် ဦးကြည် လွင်ပိုင်ဆိုင်သည့် ဓနိတောမြေ ၃ ဧက ကျော်တို့အား ၂၀၀၃ ခုနှစ်က မွေးမြူရေး ဇုန်အဖြစ် သိမ်းယူခြင်း ထားရကြောင်း ကာယကံရှင်များက ပြောသည်။သိမ်းယူစဉ်အခါက တပ်မတော် အစိုးရ လက်ထက်ဖြစ်ပြီး သက်ဆိုင်ရာ ရာအိမ်မှူးများက အလံနီစိုက်ကာ သိမ်း ယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

အထက်ပါ ပြေစာရှိ ဦးပိုင်အမည် ပေါက် မြေ ၅ ဧကကျော်အနက် ၃ ဧကကျော်အား ကရုဏာကြေးအဖြစ်ရ ထားပြီး ကျန် ၂ ဧက ကျော်မှာ လက်ရှိ အချိန်ထိ လျော်ကြေးများ မရရှိခဲ့သေး ကြောင်း ဘိုးဘွားပိုင်ဆိုသူ ဒေါ်ထွေးရီက ပြောပြသည်။ယင်းမြေ ၂ ဧကကျော်ကို ကာလ ပေါက်ဈေးအတိုင်း ပေးလျော်ရန်နှင့် လျော်ကြေး မပေးပါက မိမိပိုင်မြေကွက် အတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုပါရန် ယခင်အစိုးရလက်ထက်မှစပြီး လက်ရှိ အချိန်အထိ စာဖြင့် ၁၀ ကြိမ်ကျော် တင်ပြပြီးသားဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိတွင် ယင်းမြေယာကိစ္စများ ကို ပြန်လည်စိစစ်ပြီး ဇွန်လ ၂၈ ရက် နောက်ဆုံးထားကာ တင်ပြပေးရန် တိုင်း အထွေထွေ အုပ်ချုပ်ရေးမှူးမှ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးသို့ စာဖြင့်ညွှန်ကြားထား ပြီးဖြစ်သည်ကို သိရှိထားရကြောင်း ဦးတိုးတက်နိုင်က ပြောသည်။ဇွန်လ ၂၈ ရက်နေ့မှစပြီး တစ်လ ပြည့်သည့် အထိစောင့်ကြည့်မည်ဟု ဆို သည်။

ထို့ပြင် မြေ ၃ ဧကကျော်ကို သိမ်း ဆည်းစဉ်ကာလမှလက်ရှိအချိန်ထိ မြေပြင်တွင်တစ်စုံတစ်ရာ အကောင်ထည် ဖော်နိုင်ခြင်း မရှိသေးသည့် အပြင် မြေ များ ပိုင်ဆိုင်သူ ၃ ဦးတို့နှင့် မြေယာပြဿ နာကို ဖြေရှင်းနေရကြောင်း ယင်းမြေယာ များကို ဘိုးဘွားပိုင်ဆိုသူ ဦးကြည်လွင် က ပြောပြသည်။
မွေးမြူဇုန်အတွင်း အမှန်တကယ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ နည်းပါးပြီး မြေဈေးနှုန်းများမြင့်မားနေသဖြင့် ဘိုးဘွားပိုင်တို့နှင့် လက်ရှိပိုင် ဆိုင်ဆိုသူတို့ကြား မြေယာပိုင်ဆိုင်မှု ပြဿနာများရှိနေကြောင်း ၎င်းတို့ထံမှ သိရသည်။