ထားဝယ်ခရိုင်ရှိ တက္ကသိုလ် ၃ ခုတွင် နည်းပြ၊ သရုပ်ပြ ၄၀ ဦး ခေါ်ယူမည်

0
378

ထားဝယ်ခရိုင်အတွင်းရှိ တက္ကသိုလ် ၃ ခုတွင် နည်းပြ၊ သရုပ်ပြ ၄၀ ဦးကို ထပ်မံခေါ်ယူမည်ဖြစ်ကြောင်း ယင်း တက္ကသိုလ်များထံမှ သိရသည်။
ထားဝယ်တက္ကသိုလ်တွင် ၁၆ ဦး၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တွင် ၁၂ ဦးနှင့် နည်းပညာတက္ကသိုလ် (ထား ဝယ်)တွင် ၁၂ ဦး စုစုပေါင်း ၄၀ ဦးကို ခေါ်ယူမည် ဖြစ်သည်။

“အခုလက်ရှိ ၁၂ ဦးကတော့ မဖြစ်မနေ လိုအပ်နေတယ်” ဟု ကွန်ပျူ တာ တက္ကသိုလ်(ထားဝယ်)မှ ကျောင်း အုပ်ဆရာမကြီး ဒေါက်တာ ခင်အေး သန်းက ပြောသည်။တက္ကသိုလ်အလိုက် အရည်အချင်း သတ်မှတ်ချက်များကို ထုတ်ပြန်ထားပြီး တာဝန်ထမ်းဆောင်လိုသော တက္ကသိုလ် ကျောင်းများတွင် ဇူလိုင်လ နောက်ဆုံး ထား လျှောက်ထားနိုင်ကြောင်း အဆင့် မြင့်ပညာရေး ဦးစီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်/ ကောလိပ် ၁၂၉ ခုတွင် နည်းပြသရုပ်ပြ ၁၄၀၀ ဦးကို ခေါ်ယူမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန် ထားသည်။