မောင်းမကန်ကမ်းခြေ စက်ဘီး အငှားဝန်ဆောင်မှုလုပ်ငန်း ပိုတိုးချဲ့မည်ဟုဆို

0
492

မောင်းမကန်ကမ်းခြေတွင် စက်ဘီး ငှားရမ်းသည့် ဝန်ဆောင်မှုလုပ်ငန်းကို လာမည့် ပွင့်လင်းရာသီတွင် ပိုမိုတိုးချဲ့ လုပ်ကိုင်ရန် လျာထားကြောင်း စက်ဘီး ငှားရမ်းသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူထံမှ သိရသည်။

ခရီးသွားဧည့်သည်များ ကမ်းခြေ တွင် စီးနင်းအပန်းဖြေနိုင်ရန် ပြီးခဲ့သည့် မေလက စတင်ကာ ပထမဆုံး စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည် အဝင် များမည့် ပွင့်လင်းရာသီတွင် အစီးရေ တိုးချဲ့ရန်ရည်ရွယ်ထားကြောင်း စက်ဘီး ငှားရမ်းသည့် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူ ဦးသန်းဝင်းက ဆိုသည်။
လက်ရှိအချိန်တွင် လူ ၃ ဦး စီးနင်းနိုင် သည့် ထိုင်းနိုင်ငံထုတ် စက်ဘီး ၅ စီးနှင့် ၄ ဦး စီးနိုင်သည့် စက်ဘီး ၅ စီးရှိသည်။

” အရေအတွက်ကို တိုးဖို့ ရည်ရွယ် ချက်ရှိတယ်၊ ပိုပြီး အဆင်ပြေမယ်ဆို တာက ကံတရားအပေါ်မှာ မူတည် ပါ တယ်” ဟု ဦးသန်းဝင်းက ပြောသည်။
စတင်လုပ်ကိုင်သည့် မေလက ငှား စီးသူ များပြားခဲ့သော်လည်း လက်ရှိ အချိန်တွင် ခရီးသွားဧည့်သည့် အဝင် နည်းနေသည့်အတွက်ငှားစီးသူ မရှိသ လောက် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မောင်းမကန်ကမ်းခြေတွင်လာ ရောက် အပန်းဖြေသူများမှာ ကမ်းခြေတွင် ဘောကွင်းစီးခြင်းတစ်ခုသာ အပန်း ဖြေရန် ရှိနေသည့်အတွက် စက်ဘီးစီးနိုင် မည့် ဝန်ဆောင်မှုကို စလုပ်ဖြစ်ခဲ့ကြာင်း ဦးသန်းဝင်းက ပြောသည်။ကမ်းခြေတွင် စက်ဘီးငှားစီးရသည့် ဝန်ဆောင်မှုတစ်ခု တိုးလာသည့်အတွက် ခရီးသွားဧည့်သည်များနှင့် ထားဝယ် ဒေသခံအပန်းဖြေသူများအတွက် ခံစားမှု အသစ်တစ်ခုကို ရလာနိုင်ကြောင်း မောင်းမကန်ကမ်းခြေတွင် သွားရောက် အပန်းဖြေလေ့ရှိသည့် ထားဝယ်မြို့သစ် ၌ နေထိုင်သူ ဦးညီလေးက ဆိုသည်။