ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုကြား သီးနှံပင်များအတွက် လျော်ကြေးပေးရန် မရှိ

0
442

ဇောတိကစီမံကိန်းနှင့် ရဲတံခွန် စီမံကိန်း ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုကြားရှိ သီးနှံပင်များအတွက် သစ်ပင်တန်ဖိုး နစ်နာကြေး၊ လျော်ကြေးပေးရန် အစီ အစဉ်မရှိဟု ပြည်ထောင်စု ဒုတိယ လျှပ်စစ်ဝန်ကြီး ဒေါက်တာထွန်းနိုင်က အမျိုးသားလွှတ်တော်တွင် ဖြေကြားခဲ့ သည်။

ရေဖြူမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၏ ပိုက်လိုင်း နှစ်လိုင်းကြား သီးပင်စားပင် များအတွက် နစ်နာသူဒေသခံများအား လျော်ကြေးပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းအား ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ဇောတိက စီမံကိန်းဆောင်ရွက်နေ သော (PTTEP)ကုမ္ပဏီမှ ပိုက်လိုင်း သွယ်တန်းပြီးနောက် ပိုက်လိုင်းနှစ်ခု ကြားရှိ မြေအားတစ်ဧကလျှင် ထောက် ပံ့ကြေး ကျပ်သိန်း ၅၀ နှုန်းဖြင့် ပေးခဲ့ရာ မြေပိုင်ရှင် ၃၉၀ ဦးတွင် ၃၀၉ ဦး ရယူပြီး ဖြစ်ကြောင်း ဒုဝန်ကြီးက ဖြေဆိုသည်။

ထောက်ပံ့ကြေး လက်မခံခဲ့သော ကျန်မြေပိုင်ရှင် ၈၁ ဦးအတွက် မြန်မာ့ စီးပွားရေးဘဏ် ထားဝယ်မြို့တွင် ဘဏ်စာရင်းဖွင့် အပ်နှံထားပေးထားပြီး ၎င်းတို့ ထုတ်ယူလိုပါက တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ဖြေဆိုခဲ့သည်။ဇောတိက ပိုက်လိုင်း မသွယ်တန်းမီ ၁၉၉၂ ခုနှစ်တွင် ရတနာပိုက်လိုင်းနှင့် ၁၉၉၈ ခုနှစ်တွင် ရဲတံခွန်ပိုက်လိုင်းတို့ ရေဖြူမြို့နယ်အတွင်း ဖြတ်သန်းသွယ် တန်းထားပြီး ထိုပိုက်လိုင်းနှစ်ခုမှာ နီး ကပ်သဖြင့် အထိအခိုက်နည်းကာ သီးနှံ လျော်ကြေးလည်း ထိုက်တန်စွာ ပေးခဲ့ ကြောင်း မေးခွန်းမေးသည့် ဦးဟန်ဝင်း သိန်းက ပြောသည်။

နောက်ထပ်သွယ်တန်းသည့် ဇော တိကပိုက်လိုင်းမှာ ရဲတံခွန်ပိုက်လိုင်းနှင့် နီးကပ်စွာ ဖြတ်သန်းရန်ဒေသခံမှ အကြံပြုတောင်းခံသော်လည်း ကုမ္ပဏီ ဘက်မှ လက်မခံခဲ့ဘဲ မီတာ ၂၀ ခန့် ကွာနေသဖြင့် ပိုက်လိုင်းကြားမြေ ဆုံးရှုံး မှု ပိုဖြစ်ကာ သီးနှံပင်များအတွက် သစ်ပင်တန်ဖိုး ထိုက်သင့်သလောက် မရဟု ဦးဟန်ဝင်းသိန်းက ဆိုသည်။

“လျော်ကြေးလက်ခံခဲ့တဲ့ တောင်သူ တွေက သူ့တို့မြေမှာ သီးပင်စားပင် နည်းလို့ပါ၊ မြေဧကလိုက်မဟုတ်ဘဲ သီးနှံ ပင်အခြေအနေကြည့်ပြီး လျော်ကြေး ပေးသင့်တာပါ” ဟု ဦးဟန်ဝင်းသိန်းက ပြောသည်။ယခုအချိန်တွင် ဝန်ကြီး၏အဖြေကို ကြားသိရသော တောင်သူအချို့က ယင်းပိုက်နှစ်လုံးကြားမြေများပေါ် အတင်း ဝင်ရောက်စိုက်ပျိုးမည်ဟု ပြောဆိုမှုများ ရှိလာသည်။