တိုင်းတွင်း ပထမဆုံး ဟိုတယ်နှင့် ခရီးသွားသင်တန်းကျောင်း မြိတ်တွင် ဆောက်မည်

0
335

တိုင်းတွင်း ဟိုတယ်နှင့် ခရီးသွား လာရေး သင်တန်းကျောင်းကို မြိတ်မြို့၌ ပထမဦးဆုံးဆောက်မည်ဟု တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။အဆိုပါ သင်တန်းကျောင်းကို ဆွစ် ဇာလန်နိုင်ငံမှလုပ်ငန်းရှင်များ စုပေါင်း လှူဒါန်းသောငွေဖြင့် တည်ဆောက်မည် ဖြစ်ပြီး ကနဦး တွက်ချက်မှုအရ ဒေါ်လာ တစ်သန်းခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စတင်တည်ဆောက်ရန် အစီအစဉ် ရေးဆွဲနေဆဲဖြစ်ပြီး မြေနေရာ ရရှိထားပြီး ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
” အဓိက ကတော့ မြိတ်ဒေသမှာ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာ နိုင်တဲ့အတွက် ဒီနေရာကို ဦးတည်ပြီး ဆောက်ဖြစ်တာ”ဟု စီမံ/ဘဏ္ဍာဝန်ကြီး ဖြိုးဝင်းထွန်းက ပြောသည်။

မြိတ်ဒေသသည် ခရီးသွားလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ဟိုတယ်/ခရီးသင်တန်းများကို ရန်ကုန်မြို့၌ တက်ရောက်ရန် အခက်အခဲ ဖြစ်သည့်အတွက် ဟိုတယ်^ခရီးလုပ်ငန်း များကို စိတ်ဝင်စားသည့် လူငယ်လူရွယ် များအတွက် အဆင်ပြေစေရန် တည် ဆောက်ခြင်းဖြစ်ပြီး သင်တန်းကျောင်း တည်ဆောက်ပြီးပါက မည်သူမဆို အခ မဲ့ တက်ရောက် သင်ကြားနိုင်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။

” ဘယ်လောက်ထိ အကျိုးသက် ရောက် မလဲ ဆိုတာတော့ မပြောတတ်သေးဘူး မရှိတာထက်စာရင် ပိုကောင်းတာပေါ့။ ဟိုတယ်နဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း တွေလည်း သိလာမယ် မဟုတ်ရင် ရမ်း လုပ်သလိုဖြစ်နေမယ်။ အတွေ့အကြုံ ဗဟုသုတလဲ ရလာမှာပေါ့” ဟု မြိတ်မြို့ မှ ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါသင်တန်းကျောင်း တည် ဆောက်ရန်အတွက် ဒေသခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် ၉ ဦးပါဝင်သော ကော်မတီ ဖွဲ့စည်းထားပြီး ဟိုတယ်/ ခရီးသင်တန်းမှ အငြိမ်းစားဆရာ ဒေါက် တာ ဦးကာရီမှ ဦးစီး၍ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။မြိတ်ခရိုင်အတွင်း လိုင်စင်ရ ဟို တယ် ၉ လုံး၊ တည်းခိုရိပ်သာ ၆ လုံး၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၂၁ခု ရှိ ကြောင်း ဟိုတယ် နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန မြိတ်ရုံးခွဲထံမှ သိရသည်။