လဲလျှင်ပြန်ထ

0
465

လူသည် ပျမ်းမျှအားဖြင့် ရက် သတ္တပတ် ၄၀ကြာ ပဋိသန္ဓေနေပြီးသော အခါ အမေ့ဝမ်းကြာတိုက်ကို စွန့်ခွာ၍ လူလောကအတွင်း ချဉ်းနင်း ဝင်ရောက် လာတော့သည်။ လူ့လောကသို့ ရောက် လျှင်ရောက်ချင်း စူးစူးဝါးဝါးဖြင့် အသံ ကုန်ဟစ်ပြီး သူရောက်ရှိကြောင်း သတင်း ပို့သည်။ ဤသည်ပင်လျှင် လောကဓံ တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကျော်လွှားသွား မည်ဖြစ်ကြောင်း ကြုံးဝါး အသိပေးလိုက် ခြင်းလည်း ဖြစ်နိုင်သည်။

လူသည် ဖဝါးလက်နှစ်လုံး ပုခုံး လက်နှစ်သစ်အရွယ်မှစ၍ မိဘများ၏ကျွေးမွေးပြုစု စောင့်ရှောက်မှုကြောင့် တစ်စစ ကြီးပြင်းလာကြရသည်။ တွား သွားရာမှ လေးဖက်ထောက်၊ လေးဖက် ထောက်မှ မတ်တတ်ရပ်ပြီး လမ်းလျှောက် နိုင်သည့်အဆင့်ထိ အဆင့်ဆင့် ဖြတ်သန်း ခဲ့ရသည်။ မတ်တတ် ရပ်သင်ခါစ၊ လမ်း လျှောက်သင်ခါစ အချိန်တွင် အကြိမ် ပေါင်းများစွာ လဲကျခဲ့ဖူးသကဲ့သို့ လဲကျ တိုင်းလည်း အကြိမ်ကြိမ် ပြန်ထခဲ့ဖူးကြ သည်။ မည်သူမှ တိုက်တွန်းနေစရာ မလို။ ပြန်ထခဲ့သည် ချည်းသာ။ စိတ်ရှည် ရှည် ဇွဲရှိရှိဖြင့် ကြိုးစား ဖြတ်သန်းခဲ့ကြ သည်။ သို့သော်လည်း အရွယ်ရလာသည် နှင့်အမျှ ထိုစိတ်ဓာတ်များ တစ်စစ ပျောက်ကွယ် သွားကြသလိုပင်။ အရွယ် ရောက်ပြီး ချိန်တွင် အခက်အခဲတစ်ခုခုနှင့် တွေ့ကြုံ ရင်ဆိုင်ကြရတိုင်း အလွယ်တကူ လက် လျှော့လိုက်ချင်သူက များသည်။

ထိုကဲ့သို့ ဖြစ်သွားရခြင်းမှာ မည်သည့် အကြောင်းကြောင့်နည်း။ကျွန်တော်တို့သည် အသက် ၁၀နှစ် မပြည့်သေးသည့် အရွယ်၌ပင်လျှင် အရှုံးဆိုသည့် ခါးသီးဖွယ်ရာ ခံစားမှုကို ရင်နှင့်မမျှအောင် ခံစားကြရသည်။ သတ္တမတန်းအထိ မအောင် မနေရ စနစ် ဖြင့်သော်လည်း အစမ်းစာမေးပွဲများက ရှိသေးသည်။ ထိုအစမ်းစာမေးပွဲများတွင် ကျရှုံးဖူးရုံမျှဖြင့် အရှုံးတည်းဟူသော ခါးသီးသည့် အရသာကို ခံစားရန်အတွက် လုံလောက်မှုရှိသည်။ ထိုအရှုံးဓာတ်ခံ သည် ကလေးတစ်ယောက်၏ ရင်ထဲတွင် စွဲသွားပြီး တဒင်္ဂအရှုံးကို ထာဝရ အရှုံး အဖြစ် မှတ်ယူသွားမည်ကို စိုးရိမ်မိသည်။ စာမေးပွဲကျသည့် ကလေးတစ်ယောက် ၏စိတ်ထဲတွင် ရှုံးစိတ်ကြောင့် နောက် ဆက်တွဲ ဆိုးကျိုးများ ဖြစ်မလာအောင် မိဘဆရာနှင့်မိသားစုဝင်များက ဝိုင်းဝန်း ကြိုးပမ်းရမည်။

ထို့အပြင် အရှုံးနှင့် အသားကျသွား ၍ကလည်း မဖြစ်။ အရွယ်မတိုင်ခင် ခါးသီးသော အရှုံးဒဏ် မခံရစေရန်လည်း တစ်ခုခု စဉ်းစားလုပ်ဆောင်ရပေမည်။
ဇွန်လ ၁၇ ရက်၊ စနေနေ့ဆိုလျှင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် စာရင်းများ ထုတ်ပြန်ကြေညာမည်ဖြစ် သည်။ (ကျွန်တော် ဤဆောင်းပါး ရေး နေချိန် အောင်စာရင်း မထွက်သေးပါ။) အစဉ်အလာအရဆိုလျှင် တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် လေးဆယ်ရာခိုင်နှုန်း ဝန်းကျင်ထက် အောင်မြင်သူ မပိုနိုင်။ ထို့ကြောင့် ခြောက်ဆယ် ရာခိုင်နှုန်း ဝန်းကျင်ခန့် စာမေးပွဲကျနိုင်သည်ဟု ပြောနိုင်သည်။ စာမေးပွဲကျသော ကျောင်းသားများ အားလုံး စာသင်ခန်း အတွင်းသို့ ပြန်ရောက်နိုင်မလားဆို သည်မှာ မသေချာ။

တချို့က လုပ်ငန်းခွင်ရောက်သွား နိုင်သည်။ တချို့က မိသားစုစီးပွားရေး အခြေအနေကြောင့် စာသင်ခန်းကို စွန့် သွားရနိုင်သည်။ တချို့မှာ စာမေးပွဲ ကျသည့်သားသမီးများကို ဆူပူကြိမ်း မောင်းတတ်သော မိဘများကြောင့် ခိုးရာလိုက်ပြေးသွားတတ်သည်။ တချို့ ကလည်း အိမ်ကထွက်ပြေးကြသည်။ အဆိုးဆုံးမှာ မိဘများ၏ဖိအားဒဏ်၊ မိသားစုဝင်များ၏ဖိအားဒဏ်၊ ပတ်ဝန်း ကျင်၏ ဖိအားဒဏ်တို့ကို မခံနိုင်သည့် အဆုံး မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွား ခြင်းဖြစ်သည်။ ထိုသို့သော အဖြစ်ဆိုး မျိုးနှင့် မကြုံတွေ့ကြရဖို့ မိသားစုဝင်များ အားလုံး ဆင်ခြင်ကြရပေမည်။

စာမေးပွဲ ကျသည့် သားသမီးများကို နှစ်သိမ့်အား ပေးရပေမည်။ စာမေးပွဲရှုံးခြင်းသည် တစ်ဘ၀လုံးရှုံးခြင်း မဟုတ်။ နောက်ထပ် တစ်ကြိမ်မက ထပ်ကြိုးစားခွင့်ရှိသည်။ ဘာတွေတော့ မလုပ်ဘူး ဆိုတဲ့ အစပျိုး ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာက လူထု ဘက်ခြမ်းမှာ မရှိသေးဘူးတဲ့။ ကိစ္စရပ် တစ်ခုကို အစိုးရနဲ့ ဆိုင်ရာဆိုင်ရာ ကုမ္ပဏီ အဖွဲ့စည်းတွေက သယ်လာပြီး လူထုက အဲဒီအပေါ်မှာ ဆွေးနွေးဆုံးဖြတ်ရတာ မျိုးပါ။

၈။ လူထုထိန်းချုပ်တဲ့ အတိုင်း
သီအိုရီအရ အမြင့်ဆုံး အဆင့်လို့ ပြောပါတယ်။ ကိစ္စတွေကို လူထုက စတင်ပြောဆိုပြီး ဆွေးနွေးဖို့ အစီအစဉ် တွေ ချမှတ်ခွင့်ရှိတယ်။ ဘာတွေ လုပ် မယ်၊ ဘာတွေ မလုပ်ဘူးဆိုတဲ့ ကိစ္စကို တွေကို မဆွေးနွေး၊ မဆုံးဖြတ်ခင် ကတည်းက ချမှတ်ခွင့်ရှိတယ်။
နောက်ပြီး လုပ်ငန်းအကောင် အထည်ဖော်တဲ့ အဆင့်ဆင့်မှာလည်း ဆုံးဖြတ်ခွင့် ရှိတယ်။ ပြဿနာက ဒီအဆင့်မှာ လုပ်ငန်း ပြီးမြောက်ဖို့ အချိန်ကြာတတ်တယ်၊ ငွေလည်း ပိုကုန်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ နောက်တစ်ခုက လူထုဆိုတဲ့ နေရာမှာလည်း လူရွေးမှန်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါကတော့ ပညာရှင်အသိုင်းအဝိုင်း ကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု ကြတဲ့ လူထုပူးပေါင်းပါဝင်မှု လှေကား ထစ်များ အဆင့်ဆင့်ပါ။
လူထုပူးပေါင်း ပါဝင်မှုဆိုတာ အဆင့် အမျိုးမျိုးရှိနိုင်သလို လမ်းကြောင်း (Channel) အမျိုးမျိုးကလည်း လာ နိုင်ပါတယ်။ အစိုးရ၊ လွှတ်တော်ကို စာပို့တာ၊ ကိုယ်တိုင်လာပြောတာ၊ ဆန္ဒပြ တာ၊ လွှတ်တော်ကိုယ်စားလှယ် ကတစ် ဆင့် ပြောတာ၊ သတင်း မီဒီယာတွေက တစ်ဆင့်ပြောတာ၊ အစည်းအဝေးတွေမှာ ပြောတာ၊ စသည်ဖြင့် အမျိုးမျိုးရှိနိုင် ပါတယ်။

နောက်ပြီး ပုံစံအမျိုးမျိုးလည်း ရှိနိုင် ပါတယ်။ အစိုးရ၊ လွှတ်တော်၊ ကုမ္ပဏီ အဖွဲ့ အစည်းတွေရဲ့ လုပ်ငန်းဆောင်တာ၊ လုပ် ရပ်တွေကို မကြိုက်လို့ ဒီလိုပြောင်း သင့်ကြောင်း၊ ဟိုလို လုပ်သင့် ကြောင်း ညင်ညင်သာသာ အကြံပြုတာလည်း ဖြစ်နိုင်ပါတယ်။ ဆန္ဒပြပွဲကြီးလုပ်ပြီး ဝေဖန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထုတ်ပြန်ချက်တွေ ထုတ်ပြီး မှတ်ချက် ပေး၊ သဘောထားပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဆုံး အစွန်အားဖြင့် ဝေဖန်တိုက်ခိုက်တာအထိ ဖြစ်နိုင်ပါ တယ်။ တုံ့ပြန်မှု ပုံစံလေသံအမျိုးမျိုး ရှိနိုင်ပါတယ်။

ဒါတွေ အားလုံးဟာ လူထုက တစ် နည်းနည်းနဲ့ ပူပေါင်းပါဝင်ထိန်းကျောင်း နေတာပါ။

ပူးပေါင်းပါဝင်မှုလို့ ဆိုလိုက်ရင် ပါးစပ်ပိတ် တိတ်တိတ်နေတာ၊ လုပ်သမျှ အားလုံး ထောက်ခံနေတာတွေချည်းပဲ မဟုတ်ပါဘူး။ ကိုယ့်အကြောင်း အကောင်းပြောမှ လူထု ပူးပေါင်းပါဝင်မှု မဟုတ်ပါဘူး။ကိုယ့်အကြောင်း အကောင်းပြော မယ့်၊ ထောက်ခံမယ့် သူတွေကိုမှ ရွေးပြီး ပူးပေါင်းပါဝင်ဖို့ လမ်းဖွင့်ပေး နေမယ်၊ အဲဒါ လောက်ပဲ ကြားချင်နေ တယ်ဆိုရင် နံပါတ် ၁ အဆင့်ဖြစ်တဲ့ လှည့်စားခြင်း (Manipulation) ကနေ တက်မှာ မဟုတ်ပါဘူး။

ဗမောင်း
Sherry Arnstein & JU A Ladder of Citizen Participation ကို ကိုးကား ရေးသားပါတယ်။