ပျက်ကျလေယာဉ် ရှာဖွေကယ်ဆယ်ရာတွင် ကူညီသည့် ဒေသခံများအား ကာချုပ်ချီးကျူး

0
403

ပျက်ကျခဲ့သည့် တပ်မတော် လေယာဉ်အား ပြန်လည်ရှာဖွေ ကယ်ဆယ် ရာတွင် ကူညီခဲ့သောဒေသခံ ငါးဖမ်း လှေများ၊ လူမှုအဖွဲ့အစည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးစကား ဆိုခဲ့သည်။

ဇွန်လ ၁၆ ရက် နံနက် ထားဝယ် မြို့ခန်းမတွင် ပြုလုပ်သော ဒေသခံများ အား ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုလက် ဆောင်များ ပေးအပ်ပွဲတွင် ယင်းသို့ဂုဏ် ပြုချီးကျူးစကား ပြောခဲ့ခြင်း ဖြစ်သည်။” ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့် အတွေး ကိုယ့်ဆီနဲ့ကိုယ် ကိုယ့်ကားနဲ့ ကိုယ် ဒီကို လာကြတာ ဖြစ်ပါတယ်၊ ဘာမှ မျှော်လင့်ချက် ထားတဲ့သူတွေ မဟုတ်ပါဘူး၊ အကျိုးတစ်စုံတရာ ရရှိ မယ်လို့လည်း မျှော်လင့်သူတွေ မဟုတ် ပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ သည်။
အချို့ ငါးဖမ်း စက်လှေများမှာ မြိတ်နှင့် ကော့သောင်းတို့မှ လာရောက် ကူညီ ကယ်ဆယ် ရှာဖွေပေးခဲ့ကြကြောင်း ၎င်းက ပြောသည်။

ငါးဖမ်းလှေများက ပျက်ကျ လေယာဉ်အား ကူညီရှာဖွေခြင်း၊ ရုပ် အလောင်းများ ဆယ်ယူပို့ဆောင်ခြင်း စသည့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခဲ့ ကြသည်။” ခုလို ကာချုပ်ကိုယ်တိုင် လာဂုဏ် ပြုတော့ ဝမ်းသာတာပေါ့ဗျာ၊ ကျွန်တော် တို့လည်း ဒီလေယာဉ်နဲ့ အလောင်းတွေပဲ ပတ်ရှာနေခဲ့ကြတာလေ” ဟု ဂုဏ်ပြုပွဲသို့ မတက်ရောက်နိုင်သော ပင်လယ်ထဲမှ ငါးဆွဲလှေ ပဲ့နင်းတစ်ဦးက ပြောသည်။

ဒေသခံ အရေးပေါ်သယ်ယူပို့ ဆောင် ရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များက လေယာဉ်စတင် ပျောက်ဆုံး ခဲ့သည့်အချိန်မှစ၍ လောင်းလုံးမြို့နယ် ကမ်းခြေများတွင် လှည့်လည်စောင့် ဆိုင်းကာ လိုအပ်သည့်ဘက်မှ ဝိုင်းဝန်း ကူညီခဲ့ကြသည်။ရုပ်အလောင်းများကိုမူ တပ်ကား များဖြင့် သယ်ယူခဲ့ပြီး မိမိတို့၏ အရေး ပေါ်ကားများဖြင့် သယ်ယူကူညီခွင့် မရ သည့်အတွက် စိတ်မကောင်း ဖြစ်ခဲ့ ကြရကြောင်း အရေးပေါ်လူနာကူညီရေး အဖွဲ့ဝင်များက ဖွင့်ဟ ကြသည်။