ခင်ပွန်းဖြစ်သူ မူးယစ်ဆေးသုံးနေကြောင်း ဇနီးဖြစ်သူ တိုင်ကြား

0
432

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တောင်ပြိုရပ်ကွက်နေ ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း ဇနီးဖြစ်သူ ကိုယ်တိုင် လာရောက်တိုင် ကြားမှုတစ်ခု ဇွန်လ ၁၂ ရက်က ဖြစ်ပွား ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးထံမှ သိရသည်။

နေအိမ်တွင် ခင်ပွန်းဖြစ်သူသည် စိတ်ကြွ မူးယစ်ဆေးဝါး သုံးစွဲနေပြီး ဇနီးဖြစ်သူအား ရိုက်နှက်ခြိမ်း ခြောက် ခြင်း မကြာခဏ ပြုလုပ်လေ့ရှိကာ အသက် အန္တရာယ်နှင့် ကြုံတွေ့လာမည်ကို စိုးရိမ် ကြောက်ရွံ့သည့်အတွက် လာရောက် တိုင်ကြားခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ဝသုန်ဦးက ပြောပြသည်။
အဆိုပါ ခင်ပွန်းဖြစ်သူက ဇနီးဖြစ် သူအား မူးယစ်ဆေးသုံးစွဲပြီး ရိုက်နှက်ခဲ့ သဖြင့် နောက်နောင် ယင်းကဲ့သို့ မပြု လုပ်ရန် ခံဝန် လက်မှတ်တစ်ကြိမ်ရေးထိုး ထားပြီးဖြစ်ကြောင်း ကလွင်အုပ်ချုပ် ရေးမှူးက ပြောပြသည်။

အိမ်ထောင်သက်တမ်း ၄ နှစ်ရှိပြီး သမီးတစ်ဦးရှိကာ ခင်ပွန်းဖြစ်သူမှာ အိမ် ထောင်ကျပြီး လအနည်းငယ်မှစကာ လက်ရှိအချိန်ထိ မူးယစ်ဆေးဝါးသုံးစွဲနေ ကြောင်း ဇနီးဖြစ်သူ ဒေါ်ဝသုန်ဦးက ပြောပြသည်။” ဒီလိုလုပ်နေတာတွေကို မကြိုက် ဘူး။ ဖမ်းရင်လည်း ဖမ်းလို့ရအောင် လာ တိုင်တာပါ” ဟု ဒေါ်ဝသုန်ဦးက ပြောသည်။
ယင်းကဲ့သို့ အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်တိုင်ကြားခဲ့သဖြင့် အုပ်ချုပ် ရေးမှူး၊ သက်ဆိုင်ရာနယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေတို့ဖြင့် နေ အိမ်သို့ သွားရောက်ရှာဖွေရာ ခင်ပွန်းဖြစ် သူမှာ နေအိမ်အား သော့ခတ်ပြီး ရှောင် တိမ်းနေကြောင်း ကလွင်အုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

အဆိုပါ ရှောင်တိမ်းနေသူအား တွေ့ရှိနိုင်ရေးအတွက် စုံစမ်းမှုများပြု လုပ်နေကာ တွေ့ရှိပါက နေအိမ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိကို စစ် ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလွင်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။