ကျိုက်ထိုတွင် ငွေစက္ကူအတု ကျပ် သိန်း ၁၇၀ ကျော် ဖမ်းဆီးရမိ

0
560

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်နယ်မြေတွင် လူ ၅ ဦးထံမှ ငွေစက္ကူအတု ကျပ် ၁၇၃ သိန်း ဖမ်းဆီး ရမိသည်ဟု ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းတွင် လူ ၅ ဦးမှ ငွေစက္ကူအတုဟုယူဆရသော ကျပ် တစ်သောင်းတန်၊ ကျပ် ငါးထောင် တန်များဖြင့် ဈေးဝယ်ခဲ့ကြောင်း ဖုန်းဖြင့် သတင်းပေးပို့ချက်အရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က အသိသက်သေများနှင့်အတူ အဆိုပါ လူ ၅ ဦး စီးနင်းလာသည့် ပရိုဘောက်ယာဉ်ကို ရပ်တန့်စစ်ဆေး ခဲ့ရာမှ ယင်းသို့ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

” သူတို့က မြ၀တီဘက်ကနေလာ တယ်၊ တစ်လမ်းလုံး ဒီငွေတွေသုံးခဲ့တယ်၊ ကျိုက်ထိုမြို့နယ် တရားရုံးရှေ့က သစ်သီးတန်း တွေမှာ သစ်သီး ၁၀၀ ဖိုး ဝယ်ပြီး ငွေ ၁၀၀၀၀ တန်ပေးတယ်။ ကျန် ငွေကို ပြန်မယူတော့ဘူး၊ အဲလိုပဲ ၅ ဆိုင်လောက် လိုက်ဝယ် နေတဲ့ အချိန်မှာ သတင်းပေးလို့ ကျွန်တော်တို့ ပိတ်ဆို့ရှာဖွေမှု လုပ်ခဲ့တယ်” ဟု ကျိုက် ထိုမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မျိုးလွင်က ပြောသည်။

လက်ရှိတွင် ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရမိသူများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅၊ ၁၀၆ အရ အရေးယူဆောင်ရွက်ထားသည်ဟု ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။