အေဘီစီ ဘရမ်ဒီ ချာချာလည်ပြီ

0
1016

ပထမ ABC
“A ဆိုတဲ့အေးရိပ်ကလေး အကြင်နာကမ္ဘာလေး ပျက်စီးခဲ့ပါပြီ….. BB ဘရမ်ဒီ သောက်ကာ စိတ်ဖြေမည်….. အစီအရီအတွေးတွေ ဃဃ တွေးတော့…..” အဆိုတော် လွှမ်းမိုး၏ သီချင်းဖြစ်ပါ သည်။ တေးရေးဆရာက A to Z အထိ သီချင်း ရေးဖွဲ့ထားသည်။
သံစဉ်လည်း ကောင်းသည်။ စာသား လည်း ကောင်းသည်။ ၎င်းမှာ အရွယ် ရောက်ပြီးသူများအတွက်သာ ဖြစ်သည်။ သို့သော် ဤသီချင်းကို သင်ထောက် ကူအဖြစ်သုံးပြီး KG ကျောင်းသားများကို သင်ပေးရန်မူ မသင့်ဟု ထင်သည်။

ပညာရေးဝန်ကြီးဌာနက ညွှန်ကြား ထားခြင်း မဟုတ်သော်လည်း မူပြဆရာ ဆရာမများကို ဆင့်ပွားသင်ပေးသည့် နွေရာသီမွမ်းမံ သင်တန်းတစ်ခုတွင် သင်တန်းနည်းပြ ဆရာတစ်ယောက်က ထိုသီချင်းကို သင်ပေးနေသည့် ဗီဒီယို ဖိုင်တစ်ခုကို ဖေ့စ်ဘွတ်ခ်တွင် တွေ့လိုက် ရသည်။ ကြည့်ရှုသူများအကြား ဝေဖန်မှု များလည်း မြင့်တက်ခဲ့သည်။ သင်တန်း နည်းပြဆရာ၏ သင်ထောက်ကူအဖြစ် တီထွင်အသုံးပြုမှုကို အပြစ်မပြောလိုပါ။ သို့သော် သင့်မသင့်ဆို သည်ကိုတော့ အနည်းငယ်သတိထား ကြစေလိုသည်။

မြန်မာနိုင်ငံ၏ စာမေးပွဲစနစ်မှာ ကျက်ဖြေ စနစ်ဖြစ်သည့်အလျောက် ဆရာဆရာမများက တပည့်များကို ကျက်မှတ်ရ လွယ်ကူစေရန် ရည်ရွယ်ပြီး သင်ကြားမည့် သင်ခန်းစာများကို ကဗျာ အဖြစ် စပ်၍သော်လည်းကောင်း၊ သီချင်း အဖြစ် ဖန်တီး၍သော်လည်းကောင်း သင် ပေးကြသူများ ရှိသည်။ စာကို မည်သည့် ပုံစံဖြင့် ကျက်ကျက် အရေးမကြီး။ စာမေး ပွဲအောင်ရေးသည်သာ အဓိက ဖြစ်သည်။ သို့သော် မိမိ သင်ထောက်ကူအဖြစ်သုံးမည့် သီချင်းသည် ကလေးများအတွက် ထိရောက်လွယ်ကူမှု ရှိမရှိ၊ စကားလုံး အသုံးနှုန်းများကို သုံးသင့်မသင့်ဆိုသည် ကိုမူ သတိပြုရမည် ဖြစ်သည်။

ဆရာဆရာမများသည် တပည့်များ ၏ စံပြပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အညီ အနေအထိုင် အပြောအဆို ဆင်ခြင်ကြ ရသည်။ ဆရာနှင့် တပည့်အကြား ပြော ဆိုသုံးနှုန်းကြသည့် စကားလုံးများသည် ကျောင်းသားအရွယ်ကိုလိုက်ပြီး သင့် မသင့်ဆိုသည်ကို သတိပြုရပေမည်။ ဆရာနှင့်တပည့်ကြား သုံးနှုန်းသည့် နာမ်စားများကိုလည်း သတိပြုသင့်သည်။ ဒေသအလိုက် ပြောဆိုကြသည့် လေယူ လေသိမ်း စကားလုံးအသုံးအနှုန်းများ ကွာခြားနိုင်သော်လည်း တတ်နိုင်သမျှ ချိုချိုသာသာဖြစ်စေမည့် စကားလုံးများကို ရွေးသင့်သည်။ နင်၊ ငါ၊ မင်းတို့၊ ဟေ့ ကောင်တွေ(ထိုထက်ရင့်သီးသည့်စကား လုံးများ)ကို သုံးမည့်အစား တီချယ်၊ ဆရာ၊ ဆရာမ၊ သားတို့၊ သမီးတို့ စသည့် စကားလုံးများကို သုံးသင့်သည်ဟု ထင် ပါသည်။ သို့မှသာလျှင် မိဘရင်ခွင်မှ ခွဲခွာလာစ မူလတန်းအရွယ် ကျောင်းသား ကျောင်းသူလေးများအတွက် မိဘများ ကိုယ်စား မေတ္တာဝေမျှပေးနိုင်မည် ဖြစ် သည်။

သင်ထောက်ကူအဖြစ် အသုံးပြုမည့် အဆိုတော် လွှမ်းမိုး၏ သီချင်းထဲတွင် “BB ဘရမ်ဒီသောက်ကာစိတ်ဖြေမည်” ဆိုသည့် အသုံးအနှုန်းပါသည်။ ကျောင်း သားက ထိုစကားလုံး၏ အဓိပ္ပာယ်ကို သိချင်လာလျှင် မည်သို့ ရှင်းပြကြမည် နည်း။ အမှန်တိုင်း ရှင်းပြပါကလည်း ငါးနှစ်အရွယ်ကလေးကို အရက်သောက်ဖို့ အတွက် message ပေးသကဲ့သို့ ဖြစ် သွားနိုင်သည်။ ” I တွေ့တာတောင် ခြေမဆေးဘဲ” ဆိုသည့် အသုံးအနှုန်းကို လည်း တွေ့ရသည်။

ဤသီချင်းကို အသုံးပြုပြီး ကျောင်း သားများကို သင်ထောက်ကူအဖြစ် သင် ပေးရန်မသင့်ပေ။ လွယ်နေတာကို ခက် အောင်လုပ်သည်ဟုပဲ ပြောလိုပါသည်။ ABC သင်ရန်အတွက် သင်ထောက်ကူ အဖြစ်သုံးသည့် Nursery Rhymes ကလေးကဗျာတေးရှိပြီး ဖြစ်သည်။ အားလုံးနားယဉ်ပြီးဖြစ်သလို သီဆိုရ လည်း လွယ်ကူသည်။ ကလေးများ အတွက် အသင့်တော်ဆုံးကို သင်ထောက် ကူအဖြစ်သုံးရန် စဉ်းစားစေချင်သည်။

ဒုတိယ ABC
ကျောင်းသားများကို အဆင့်သတ် မှတ်သည့် ABCလည်း ရှိသေးသည်။ ယခင်က အဆင့်ကို(၁)၊ (၂)၊ (၃)စနစ်ဖြင့် အမှတ်အနည်းအများအပေါ် မူတည်ပြီး သတ်မှတ်ပေး သည်။ ထိုစနစ်ကို မိဘ အများစုက နှစ်သက်ကြသည်။ ကလေး များကို အပြိုင်အဆိုင် ကြိုးစားချင်စိတ် ဖြစ်ပေါ်စေသည်ဟု ထင်ကြသည်။ သို့သော် ထိုစနစ်တွင် ဆိုးကျိုးများ ရှိနေသည်ကို သတိမပြုမိကြ။

အမှတ်တစ်မှတ်မျှ ကွာခြားရုံဖြင့် အဆင့်(၂) ဖြစ်သွားသည်။ အဆင့်(၁) ရသည့် ကျောင်းသားနှင့် အဆင့်(၂)ရ သည့် ကျောင်းသားအကြား အရည် အချင်း ကွာခြားသွားသကဲ့သို့ ဖြစ်ပေါ်စေ သည်။ အဆင့်(၂)ရသည့် ကျောင်းသား သည် အမှတ်တစ်မှတ်ကြောင့် စိတ်ဒဏ် ရာ ရသွားနိုင်သည်။ မိဘများအကြား နည်းလမ်းမမှန်သည့် ပြိုင်ဆိုင်မှုများဖြစ် ပေါ်လာပြီး အတန်းပိုင် ဆရာဆရာမထံ တွင်သာ သားသမီးများကို ကျူရှင်တက် စေခြင်း၊ နောက်ဆုံးမေးခွန်းဝယ်သည့် အဆင့်ထိ ဖြစ်လာနိုင်သည်။ သို့သော် မိဘအားလုံး၊ ဆရာဆရာမ အားလုံး မဟုတ်။ အကျင့်ပျက်နေကြသည့် မိဘ များ ဆရာများသာ ဖြစ်သည်။

ဗဃြ စနစ်ဖြင့် ကျောင်းသားများကို အဆင့် သတ်မှတ်ပေးလိုက်ခြင်းအားဖြင့် အဆိုပါ ပြဿနာများ လျော့နည်းသွားနိုင်သည်။ ထို့အပြင် ကျောင်းသားတစ်ဦးနှင့် တစ်ဦး ကြား အဆင့်တူအုပ်စုများ ပေါ်လာပြီး တစ်ဦးတစ်ယောက်တည်း က အတော်ဆုံး အထူးချွန်ဆုံးဆိုသည့် စိတ်ကြီးဝင်မှု များလည်း လျော့နည်းသွားနိုင်သည်။ အပြိုင်အဆိုင်ကြိုးစားချင်စိတ် လျော့ နည်းသွားမည်ကို စိုးရိမ်နေကြသည့် မိဘများအနေဖြင့်လည်း ယခုအချိန်တွင် ABC စနစ်ဖြင့် အဆင့်သတ်မှတ်ပေး သည့်အပေါ် နားလည်သဘောပေါက် လက်ခံသွားပြီဟု ယူဆရပါသည်။ ထိုစနစ်အကြောင်း ပြောဆိုနေကြသည်ကို သိပ်မတွေ့ရတော့ပေ။

တတိယ ABC
နောက်ထပ် ABC မှာ အခန်း နာမည် ဖြစ်သည်။ ဤ ABC မှာ ယခု ပညာသင်နှစ်တွင် ကျောင်းသား၊ မိဘနှင့် ဆရာများအကြား ချာချာလည် ကြရပြီး ပြဿနာတက်ကြရသည်။ A အခန်း တွင်နေရသည်ကို ဂုဏ်ယူကြသည့် ကျောင်းသားများ မိဘများအတွက် များစွာ စိတ်ကသိကအောက် ဖြစ်ကြရ သည်။ တချို့ကျောင်းများတွင် A အခန်း ၌ မိမိတို့၏ သားသမီးများနေရာရရန် အတွက် အတန်းပိုင်ဆရာမကို ရေလောင်း ကြရသည်ဟု ဆိုသည်။ ကျောင်းအများ စုတွင်တော့ ဘာသာတွဲအရ၊ စာမေးပွဲ ရမှတ်အဆင့်အရ ABCD စသည်ဖြင့် အခန်းခွဲကြသည်။

ထိုစနစ်မှာ မိဘများ အကြား ကျောင်းသားများအကြား အသားကျနေပြီ ဖြစ်သည်။ သို့သော် ယခုစာသင်နှစ်တွင်မှ ကျောင်းသား များကို ဗဃြီ အဆင့် အသီးသီးဖြင့် အောင်မြင်ကြသည့် ကျောင်းသားများကို စာသင်ခန်းများတွင် အချိုးကျ ပေါင်းစပ် ထားရန် ညွှန်ကြားခဲ့သည်။ စာသင်ခန်း တစ်ခန်းစာလောက်သော လူဦးရေသာ ရှိသည့် ကျောင်းများအတွက် ပြဿနာ မရှိ။ သို့သော် ကျောင်းသားများသည့် ကျောင်းများတွင် ၎င်းမှာ ပြဿနာ တစ်ရပ်ဖြစ်လာသည်။ စနစ်အရ ဗ အဆင့်ဖြင့် အောင်သော ကျောင်းသား သည်လည်း နောက်ဆုံးအခန်းကို ရောက်သွားနိုင်သည်။ ဤတွင် A အခန်းတွင် တန်းစဉ်နေလာခဲ့သည့် ကျောင်းသား ကျောင်းသူများမှာ စိတ်ခံ စားချက်များ ထိန်းမရဘဲ ငိုကြယိုကြနှင့် စိတ်သောက ရောက်ကြရသည်။ ဤ စနစ်ကို လက်မခံကြသည့် မိဘများမှာ ဆရာဆရာမများက မည်သို့ပင် ဖျောင်းဖျ ဖျောင်းဖျ နားမဝင်ကြဘဲ တိုင်ကြတန်း ကြသည့်အဆင့်ထိ ဖြစ်ကြရသည်။

မိဘများ လက်မခံချင်ကြသည့် အကြောင်းအရင်းများလည်း ရှိနေပေ သည်။ ညံ့သည့်ကျောင်းသားနှင့်အတူထားလျှင် မိမိတို့၏ သားသမီးများပါ ညံ့သွားမည်ကို စိုးရိမ်ကြသည်။ ဆိုး သည့် ကျောင်းသားနှင့်အတူထားလျှင် မိမိတို့၏ သားသမီးများပါ ဆိုးသွား မည်ကို စိုးရိမ်ကြသည်။ ထိုထင်မြင်ယူဆ ချက်သည် မှန်ချင်မှမှန်မည် ဖြစ်သည်။ သို့သော် မိဘများအနေဖြင့် စိုးရိမ်မည် ဆိုလျှင်လည်း စိုးရိမ်စရာပင်။ အဘယ့် ကြောင့်ဆိုသော် လက်ရှိမြန်မာနိုင်ငံ၏ အခင်းအကျင်းမှာ မည်သည့်နေရာကို ကြည့်ကြည့် အားရစရာမရှိသေး။ ချမှတ် သည့်ပေါ်လစီအချို့မှာ ကောင်းသော် လည်း လက်ခံကျင့်သုံးဖော်ဆောင်မည့် (stateholders) များမှာ အဆင်သင့် မဖြစ်သေး။ ဥပမာပြုရလျှင် ဂျက်အင် ဂျင်ကို ပြိုင်ကားတွင် တပ်မောင်းခိုင်း သလို၊ လေယာဉ်ဆီကိုကားအင်ဂျင်ထဲ ထည့်မောင်းခိုင်းသလို ဖြစ်နေသည်။ နိုင်ငံသားအများစု၊ မိဘအများစု၊ ကျောင်းသား ကျောင်းသူအများစု၏ capacity မှာ အားရစရာမရှိ။ သူတို့ ကိုရှေးဦးစွာ capacity building လုပ် ပေးရန်၊ motivation လုပ်ပေးရန်၊ mindset ပြောင်းပေးရန် လိုအပ်နေ သေးသည်။

အားလုံးအတွက် ပညာရေး (Edu-cation for all) နှင့် အားလုံးအကျုံး ဝင်သောပညာရေး (Inclusive Edu-cation) တို့သည် ပညာရေးအပြောင်း အလဲတွင်များစွာ အဓိကကျပေမည်။ ခွဲခြားဆက်ဆံမှုမရှိသော၊ အားလုံးတန်း တူညီမျှမှုရှိသော ပညာရေးစနစ်မျိုးကို အကောင်အထည်ဖော်နိုင်ရန် အရေးကြီး ပေသည်။ အခြေခံပညာ ကျောင်းများတွင် မသန်စွမ်းကလေးများပါ အတူသင်ယူ ခွင့်ရသည်အထိ ကြိုးစားရပေဦးမည်။

ယခုပြောင်းလိုက်သောစနစ်သည် ခေတ်နောက်ပြန်ဆွဲခြင်း မဟုတ်ပါ။ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပညာရေးစနစ်မျိုးကို ရောက်ရန်အတွက် အဓိကကျသော ခြေလှမ်းတစ်လှမ်း ဖြစ်သည်။သို့သော် အခြေခံအဆောက်အဦ အပိုင်း၊ ဆရာဆရာမနှင့် ကျောင်းသား အချိုးအစား ညီမျှမှုရှိရန်များစွာ လိုအပ်မှု ရှိနေသေးသည်။ ယခုပညာရေးစနစ်အရ ဆိုလျှင် ကျောင်းသား အယောက် ၂၀ တွင် အနည်းဆုံးဆရာတစ်ဦးနှုန်း ရှိရန်လိုမည်။ သို့မှသာ ကျောင်းသား အားလုံးကို ထိထိရောက်ရောက် သင်ကြားပေးနိုင်မည်။ သို့သော်လည်း ထိုလိုအပ်ချက်များကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးဖို့ ဆိုသည်မှာ လက်ရှိနိုင်ငံ၏ ဘတ်ဂျက် အခြေအနေအရ မဖြစ်နိုင်သေး။

ပညာ ရေး စနစ် အပြောင်းအလဲမလုပ်၍လည်း မရ။ နိုင်ငံတကာထက်များစွာ နောက် ကျနေသည့် အနေအထား။ မဖြစ်မနေ ပြောင်းကို ပြောင်းရမည့်အနေအထား။ သို့သော် ခက်နေသည်က ဒီမိုကရေစီ အစိုးရကို ဦးဆောင်နေသူအချို့မှာ ဒီမိုကရေစီ ကျင့်စဉ်များကို အပြည့်အဝ အသုံးမချနိုင်သေး။ ပေါ်လစီအသစ် တစ်ခုကို ကျင့်သုံးတော့မည်ဆိုလျှင် ပြည်သူများ သိရှိနားလည်သဘော ပေါက်အောင် အရင်ဦးဆုံး ချပြသင့်သည် မဟုတ်ပါလော။

အရင်စနစ်ဟောင်း အတိုင်းများစွာ မပြောင်းလဲဘဲ အမိန့် ညွှန်ကြားချက်များ၊ ပေါ်လစီများကို ချမှတ်ချင်တိုင်း ချမှတ်နေ၍မဖြစ်။ မိမိသွားချင်သည့် စနစ်ကို ပြည်သူများ ပါဝင်လာအောင် စည်းရုံးခေါ်ဆောင် ကြရပေမည်။ ထိုသို့ မဟုတ်ပါဘဲ အမိန့်ဆန်သည့်ညွှန်ကြားချက်မျိုးဖြင့် ပြည်သူများလက်ခံလာ အောင်လုပ်၍ ရမည်မဟုတ်။

မိမိတို့တွင် လက်ရှိပိုင်ဆိုင်ထား သည့်အခြေအနေနှင့် မိမိလိုချင်သည့် စနစ်တစ်ခုကို အကောင်အထည် ဖော်နိုင်ရန်အတွက် လိမ္မာပါးနပ်စွာ ချီ တက်ကြရပေမည်။ သို့မှသာ အောင်မြင်မှု ရနိုင်ပေမည်။

ယခုလောလောဆယ်တွင်တော့ အေဘီစီဘရမ်ဒီကြောင့် ချာချာလည် နေကြရပြီ ဖြစ်သည်။