မွန် ၂ ပါတီပေါင်းစည်းရေး ပါတီအချင်းချင်း တွေ့ဆုံမည်

0
507

ညှိနှိုင်းရေးအဖွဲ့များ လက်လျှော့ ထားသည့် ၂ ပါတီပေါင်းစည်းရေး မွန်နိုင်ငံ ရေးပါတီ ၂ ပါတီဖြစ်သည့် မွန်အမျိုးသား ပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့ ပါတီ အချင်းချင်း တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သက်ဆိုင်ရာ ပါတီ ခေါင်းဆောင်များက ပြောသည်။

မွန်ပါတီပေါင်းစည်းရေးအတွက် ပေါင်းစည်းညှိနှိုင်းရေး အဖွဲ့တို့က အ ကြိမ်ကြိမ်ကြိုးပမ်းလာခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုရေစီပါတီက အဆိုပါညှိနှိုင်းရေးအဖွဲ့တို့ကို လက်မခံ သည့်အတွက် နောက်ဆုံးတွင် ညှိနှိုင်းရေး အဖွဲ့တို့က လက်လျှော့ထားရသည့် အနေအထား ဖြစ်သည်။

“ညှိနှိုင်းရေးအဖွဲ့က ရပ်နားလိုက် သော်လည်း ပေါင်းစည်းရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေအ တွက် ပါတီအချင်းချင်း အဆက်အသွယ် မပြတ်စေဖို့ အဲဒီလိုရည်ရွယ်ပြီးတော့ နောက်တစ်ဆင့် အချင်းချင်း အမြဲတမ်း တွေ့ဆုံသွားမယ်” ဟု မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမ က ပြောသည်။

ပါတီအချင်းချင်းတွေ့ဆုံဆွေးနွေး သွားနိုင်ရန်အတွက် မွန်အမျိုးသားပါတီ (MNP) ဘက်က ကိုယ်စားလှယ်ရွေးချယ် တာဝန်ပေးခန့်အပ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။မွန်ပါတီပေါင်းစည်းရေးနှင့် ပတ် သက်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ADMP ဘက်က ကြားဝင် ညှိနှိုင်းရေးအဖွဲ့ကို လက်မခံဘဲ ပါတီ အချင်းချင်း တွေ့ဆုံညှိနှိုင်းခြင်း ဆိုလျှင် အချိန်မရွေး လုပ်ဆောင်ရန် ရှိသည်ဟု ယင်းပါတီထံမှ သိရသည်။

” ပါတီအချင်းချင်းပူးပေါင်းဆောင် ရွက်ဖို့အတွက် တွေ့ဆုံဆွေးနွေးချင်ရင် ကျွန်တော်တို့ကို တရားဝင်စာပို့ပေါ့လေ အချင်းချင်း တွေ့ဆုံဆွေးနွေးဖို့က အချိန် မရွေးပါ အမြဲတမ်း တံခါးဖွင့်ထားပါ တယ်” ဟု ADMP တွဲဖက်အတွင်း ရေးမှူး(၁) နိုင်စံတင်က ပြောသည်။