မွန်ပြည်နယ် စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ကိုယ်စားလှယ် မဟုတ်သည့်ပညာရှင်အား ခန့်အပ်

0
415

မွန်ပြည်နယ်အစိုးရအဖွဲ့ လစ်လပ် စည်ပင်သာယာရေးနှင့် ဆောက်လုပ် ရေးဝန်ကြီးနေရာကို လွှတ်တော် ကိုယ် စားလှယ် မဟုတ်သည့်ပြင်ပ မြို့ပြ အင်ဂျင်နီယာ ဦးမင်းကျော်လွင်ကို မွန်ပြည်နယ်လွှတ်တော်က ဇွန်လ ၈ ရက်တွင် အတည်ပြု ခန့်အပ်လိုက်သည်။

“မော်လမြိုင်ကလည်း ဟိုတုန်းက တတိယမြို့တော်၊ ရှေးဟောင်း အမွေ အနှစ်တွေလည်းရှိတယ်ဆိုတော့ အခြေခံ လိုအပ်ချက် ဖွံ့ဖြိုးတိုးတက်မှုကိုတော့ အဓိက ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။
စည်ပင်သာယာရေးနှင့် ဆောက် လုပ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် အသက် ၅၇ နှစ်အရွယ် ဦးမင်းကျော် လွင်သည် မွန်တိုင်းရင်းသား တစ်ဦးဖြစ် ပြီး ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ ဇာတိဖွား မြို့ပြအင်ဂျင်နီယာတစ်ဦး ဖြစ် သည်။

ဦးမင်းကျော်လွင်သည် ၎င်းဇာတိ ရွာတွင် မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားခဲ့ပြီး အထက်တန်းကို မွန်ပြည်နယ်ဒေသ ကောလိပ်တွင် ပထမ နှစ်နှင့် ဒုတိယနှစ်ထိလည်းကောင်း၊ တတိယနှစ်မှ ဆဋ္ဌမနှစ်ထိကို ရန်ကုန် စက်မှုတက္ကသိုလ်တွင် သင်ကြားခဲ့ကာ ၁၉၈၄ ခုနှစ်တွင် မြို့ပြအင်ဂျင်နီယာဘာ သာရပ်ဖြင့် ကျောင်းပြီးခဲ့သူ ဖြစ်သည်။

ကျောင်းပြီးခဲ့ပြီး ၁၉၈၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်ထိ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင်အလွတ်တန်း အတိုင် ပင်ခံအင်ဂျင်နီယာအဖြစ် ရပ်တည်လာခဲ့ သလို မြို့ပြအင်ဂျင်နီယာ တာဝန်ခံစီမံ ကိန်းအင်ဂျင်နီယာအဖြစ် ပြည်တွင်း စီမံကိန်းလုပ်ငန်းဖြင့် အိမ်နီးချင်းနိုင်ငံ များတွင် လုပ်ကိုင်လာခဲ့သူ ဖြစ်သည်။

မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီးနေရာကို ယခင်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပူးတွဲ တာဝန်ယူခဲ့ပြီး ဦးမင်းမင်းဦး ဝန်ကြီးချုပ်နေရာတွင် နှုတ်ထွက်ခဲ့ပြီးနောက် စည်ပင်သာယာ ရေးကို မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအား နှင့် စက်မှု ဝန်ကြီး ဦးမင်းထင်အောင်ဟန်၊ ဆောက်လုပ်ရေးကို စီမံကိန်း၊ ဘဏ္ဍာ ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ယာယီ တာဝန်ယူခဲ့သည်။