မီးရှို့ဖျက်ဆီးရန် စိတ်ကြွဆေး သိန်းချီ ရန်ကုန်ပို့

0
378

ရန်ကုန်တွင် ပြုလုပ်မည့် ဖမ်းမိမူး ယစ်ဆေးများ မီးရှို့ဖျက်ဆီးပွဲတွင် ဖျက်ဆီးရန် WY စိတ်ကြွဆေးပြား တစ်သိန်းခွဲခန့်ကို ဇွန်လ ၃ ရက်က ပို့ဆောင်ခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နှစ် ၃၀ ပြည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးရန် WY စိတ်ကြွဆေးပြား တစ်သိန်းခွဲကျော်နှင့် ကက်တမင်း (KETAMINE) ၉၃၉.၉၉ ကီလိုအပါအဝင် အခြားမူးယစ်ဆေး ဝါးများကို ပို့ဆောင်ခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ကက်တမင်း ၁ ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ ခန့် ပေါက်ဈေးရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၂၀၁၆ ခုနှစ် မေလ မှ ၂၀၁၇ ခုနှစ် မေလအတွင်း ဖမ်းမိပြီး တရားရုံး အသီး သီးတွင်အမှုပြီးပြတ်ပြီးသည့် မူးယစ် ဆေးများကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

” တရားရုံးတွေမှာ ပြီးပြတ်ပြီးတဲ့ အမှုတွေက မူးယစ်ဆေးတွေပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
လာမည့် ဇွန်လ ၂၆ ရက်သည် နှစ် ၃၀ ပြည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ် သည်။