မွန်တွင်မြေအကွက်ရိုက် ရောင်းသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦး ကျော် အရေးယူ

0
575

မွန်ပြည်နယ်အတွင်း မြေယာများ ကို အကွက်ရိုက်ရောင်းချခဲ့သည့် ကျေး ရွာအုပ်ချုပ်ရေးမှူး ၁၅ ဦးခန့်ထိ အရေးယူမှု ပြုလုပ်ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

ဇွန်လ ၇ ရက်တွင် ကျင်းပနေသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မြေကွက် ရိုက် ရောင်းချနေမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကမည်သို့ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ်ကထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” မွန်ပြည်နယ်မှာ မြေအကွက် ရိုက် ရောင်းချနေမှုဟာ ကျေးရွာ ၅၀ နီးပါးမှာ ဖြစ်နေပါတယ်၊ ကျွန်တော်တို့ အနေနဲ့ သေသေချာချာ လေ့လာဆုံးဖြတ်ပြီး အရေးယူကိုင်တွယ်ထားတဲ့အမှုတွေ အများကြီးရှိပါတယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြော သည်။မြေကွက်ရိုက်ရောင်းချတဲ့ ရပ်^ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ အား ၂၀၁၂ လယ်ယာမြေဥပဒေ နည်း ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်လျက် ရှိပြီး၊ ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိ သူများကိုတာဝန်မှရပ်စဲ အရေးယူထား သည်ဟု ဝန်ကြီးချုပ်က ပြောသည်။

ရပ်ကွက်ကျေးရွာအတွင်း မြေယာ အရောင်းအဝယ်ကိစ္စများနှင့် ပတ်သက် ပြီး ရပ်^ကျေးအုပ်ရေးမှူးများက အသိ သက်သေ အနေဖြင့် လက်မှတ်ရေးထိုး ခြင်းလုံးဝမပြုလုပ်ရန်ကိုလည်း အကြောင်းကြားထားသည်ဟု ၎င်းက ဆက်ပြောသည်။ထို့အပြင် လုပ်ပိုင်ခွင့်ထက် ကျော် လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်^ကျေး အုပ်ချုပ်ရေးမှူးနှင့်ပါဝင်ပတ်သက် နေသူများဌာနဆိုင်ရာများ ရပ်တန့်ကြ ရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဇွန်လ ပထမအပတ်က ကျင်းပခဲ့သည့် လူထု တွေ့ဆုံပွဲတွင်လည်းဝန်ကြီးချုပ်က သတိပေး ပြောဆိုထားသည်။

မြေအကွက်ရိုက်ရောင်းချခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်သို့လည်း တိုင် ကြားစာများ ရောက်ရှိနေပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အထိ တင်ပြရသည့်အမှုလည်းရှိသည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လယ်မြေများကို အကွက်ရိုက် မရောင်း ချရန် ဖေဖော်ဝါရီလခန့်က ရပ်^ကျေး အုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးချင်းကို ဝန်ခံကတိပြု လက်မှတ်ရေးထိုးထားခိုင်း သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။