တရားမဝင် ရေသန့်စာရင်းကောက်ပြီး ခံဝန်ထိုးခိုင်းမည်

0
440

တရားမဝင် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်များကို ဇွန်လအတွင်းစာရင်းကောက်ကာ ခံဝန်ထိုးခိုင်းမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။တရားမဝင် ရေသန့်များ ထုတ်လုပ်၊ရောင်းချနေကြောင်း တွေ့ရှိပါက ပထမအကြိမ်နှင့် ဒုတိယအကြိမ်တွင် ခံဝန်ထိုးခိုင်းပြီး သတိပေးသွားမည် ဖြစ်ကာတတိယအကြိမ်တွေ့ရှိပါက အမျိုး သားအစားအသောက် ဥပဒေအရ အရေးယူတောမည်ဖြစ် ကြာင်း အဆပါ ကောမတီအတွင်းရေးမှူးက ပြောသည်။

” ဒီဥပဒေအရ ပစ္စည်းသိမ်းတာတွေတရားစွဲတာတွေ လုပ်တော့မယ်” ဟုကော်မတီ အတွင်းရေးမှူးက ဆိုသည်။မြို့နယ်အသီးသီးတွင် စာရင်း
ကောက်ပြီးပါက ဇူလိုင်လ ပထမအပတ်အတွင်း တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။တရားမဝင်ရေသန့် ထုတ်လုပ်
ရောင်းချမှုများကို အရေးယူမည်ဟုပြောဆိုသည့်အတိုင်း လုပ်ဆောင်ခြင်းရှိ၊မရှိ ကို ပြည်သူများက စောင့်ကြည့်နေကြကြောင်း ထားဝယ်မြို့ ကြက်စားပြင်
ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

“အရေးယူမယ် အရေးယူမယ်ဆိုပြီးပြောနေတဲ့ အသံက ကြားနေရတာကြာပြီ၊တစ်ခါမှ ကောင်းကောင်းမတွေ့ရသေးဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်ကကော့သောင်းမြို့နယ် ဈေးကွက်အတွင်းစစ်ဆေးစာရင်းကောက်ရာတွင် တရားမဝင်ရေသန့် ၉ မျိုးကို ခံဝန်ထိုးခိုင်းခဲ့ကြောင်း တိုင်းဒေသကြီးအစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရသည်။