ထီးခီးနယ်စပ် အခွန်ရငွေထိုးကျ

0
389

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ထီးခီးနယ်စပ်ဂိတ်မှ ရရှိသည့် အခွန်ငွေရရှိမှုမှာ ထိုးကျခဲ့ကြောင်း ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထီးခီးနယ်စပ်ဂိတ်မှ အခွန်ငွေကျပ် ၃၉၃.၃၃၃ သန်းရရှိခဲ့ပြီး၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မူ ကျပ်၂၃.၅၃၆ သန်းသာရရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆိုသည်။

” ကုန်သွယ်မှု ပမာဏကျလာလို့ အခွန် ရငွေလည်း ကျလာတာပါ” ပါဟု မြို့နယ် ဦးစီးမှူး ဦးအုန်းလွင်ကဆိုသည်။ထီးခီးနယ်စပ်မှတစ်ဆင့် ရေထွက်ပစည်း များ၊ အုန်းသီးနှင့်ဝါးများကို အဓိကတင်ပို့ပြီး ဓာတ်ဆီ ဒီဇယ် ဓာတ်ငွေ့ နှင့် စားသောက်ကုန်များ၊ သစ်သီးများတင်သွင်းကြောင်း အကောက်ခွန်မြို့နယ် ဦးစီးမှူးကပြောသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၀၀၅ သန်းရှိပြီးပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁.၂၀၈ သန်း ရှိကြောင်းထားဝယ်မြို့နယ် အကောက်ခွန် ဦးစီးဌာနရုံးမှတ်တမ်းအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၀.၄၄၂ သန်းနှင့် ပို့ကုန်အဖြစ်အမေရိ ကန်ဒေါ်လာ ၂.၄၀၄ သန်းရှိကြောင်း သိရသည်။
ထိုနှစ်တွင် ထီးခီးဂိတ်မှ ကားတင်သွင်းခွင့်ပိတ်လိုက်သည့်အတွက် ကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ခြင်းဖြစ်သည်။