ကော့ရဲကျွန်းပေါ် ကမ်းဇော်ပင်ပေါက် ဧက၂၀၀ ကျော်ကို အစုအဖွဲ့ပိုင်အဖြစ် သတ်မှတ်

0
485

ဘုတ်ပြင်းမြို့နယ်ရှိ ကော့ရဲကျွန်းကျေးရွာတွင် ကမ်းဇော်ပင် အလေ့ကျပေါက်ရောက်နေသော မြေဧက ၂၀၀ကျော်ကို ဒေသအစုအဖွဲ့ပိုင်အဖြစ် ထိန်းသိမ်း လုပ်ဆောင်လျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။ကော့ရဲကျွန်းကျေးရွာသည် ဘုတ်ပြင်းမြို့နှင့် ရေမိုင် ၂၅ မိုင်ခန့် ကွာဝေးသည့် ကျွန်းတကျွန်းတွင်တည်ရှိပြီးစုစုပေါင်းမြေဧက ၅၀၀နီးပါးသည် ဆေးဘက်ဝင်ကမ်းဇော်ပင်များ အလေ့ကျပေါက်ရောက်လျက်ရှိသည့်နေရာဖြစ်ကြောင်း ယင်းဌာနထံမှ
သိရသည်။

မြေဧက ၅၀၀ အနက် ၂၃၈ ဧကကို ထိန်းသိမ်းတောအဖြစ် သတ်မှတ်ခြင်းဖြစ်သည်ဟု ဘုတ်ပြင်းမြို့နယ်သစ်တောဦးစီးမှူး ဦးသန်းထွန်းဦးက ပြောသည်။ ” အလေ့ကျပေါက်နေတယ်ဆိုပေမဲ့ ကမ်းဇောတောကို အလေအလွင့်မဖြစ်ဖို့ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ဖို့ အတွက် အနယ်နယ်အရပ်ရပ်က
လာကောက်သူတွေနဲ့ ဒေသခံတွေကြား မလိုလားအပ်တဲ့ပြသနာတွေမဖြစ်အောင်ပြည်သူအစု အဖွဲ့ပိုင်အဖြစ် ထိန်းသိမ်းဖို့ဒေသခံ အယောက် ၆၀ ကျော်က
ဒီနှစ်ကစပြီး လုပ်ဆောင်နေတာပါ” ဟု၎င်းကသည်။

ယခုနှစ် ကမ်းဇော်စေ့ ကောက်ယူသည့် ရာသီတွင် ကော့ရဲကျွန်း ကျေးရွာ နေဒေသခံများအပါအဝင် ဘုတ်ပြင်းနှင့်ပုလော၊ ပလောက်စသည့် အခြားမြို့နယ်များမှလည်း အဖွဲ့လိုက် လာရောက်ကောက်ယူသူ များပြားလာသည်ဟုသိရသည်။