မောရ၀တီရေတပ်စခန်းဌာနချုပ်၏မြေဧက တစ်သောင်းကျော် ချန်လှပ်ရန် စတင်တိုင်းတာ

0
452

ရေဖြူမြို့နယ်အတွင်းရှိ မောရ၀တီ ရေတပ်စခန်းဌာနချုပ်၏ တပ်ပိုင်မြေဧက ကိုးသောင်းကျော်အနက် တစ်သောင်း ကျော်ကို ချန်လှပ်ထားရန် စတင်တိုင်း တာလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ သိရသည်။

မူလ တပ်ပိုင်မြေသတ်မှတ်ဧကဖြစ် သည့် ဧက ၉၂၆၁၈ အနက် ၁၁၄၂၁.၂၈ ဧကကိုချန်လှပ်ရန်အတွက် တိုင်းတာ ခြင်း ဖြစ်ကြောင်း ရေဖြူမြို့နယ် လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရေဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် က ပြောကြားသည်။” ကွဲကွဲပြားပြားဖြစ်ပြီး စိုက်ပျိုး ထားတဲ့တောင်သူကို ပုံစံ ၇ ချပေးနိုင် ရေးအတွက် ကွင်းဆင်း တိုင်းတာတာပါ” ဟု ဦးလှဝင်းအောင်က ပြောသည်။မောရ၀တီရေတပ်စခန်းဌာနချုပ်အနေနှင့် သိမ်းထားသည်ဆိုသော မြေ သိမ်း ၈၇၈.၇၂ ဧက၊ အစိုးရထံမှ လွှဲ ပြောင်းယူထားသော မြေလွှဲ ၈၀၃၁၈ ဧက စုစုပေါင်း ၈၁၁၉၆.၇၂ ဧက ရှိသည် ဟု ဆိုသည်။

ယင်းမြေနှင့် ချပ်လှပ်မည့် မြေ ၁၁၄၁၂ ဧကကျော်ကို ကွဲပြားစေရန် တိုင်းတာခြင်းဖြစ်သည်ဟု ဦးလှဝင်း အောင်က ဆိုသည်။” ပြည်သူတွေဆီက သိမ်းတဲ့မြေ (မြေသိမ်း) က ဧက ရှစ်ရာကျော်ပဲ ရှိ တယ်ဆိုတာ မဖြစ်နိုင်ဘူး။ စုစုပေါင်း ဧက ကိုးသောင်းကျော်ထဲမှာ ခန့်မှန်းခြေ ပြောရင် ဧက ခုနှစ်သောင်းကျော်မှာ ပိုင် ရှင်တွေရှိနေတယ်” ဟု ဟိန္ဇဲဒေသရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးလှဌေး က ပြောသည်။

ယင်းသို့ မြေတိုင်းတာရန်အတွက် တပ်ပိုင်မြေအတွင်း ကျရောက်လျက်ရှိ သည့် အုန်းပင်ကွင်း၊ ကျွဲသုံးညီမ၊ မင်းသား၊ သဲချောင်း၊ အိန္ဒရာဇာ ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများကို ရေဖြူမြို့နယ်အုပ်ချုပ် ရေးမှူးရုံးတွင် မေလ ၂၄ ရက်က ခေါ်ယူရှင်းလင်းခဲ့ကြောင်း ယင်းအုပ်ချုပ် ရေးအဖွဲ့ဝင်အချို့နှင့် ရပ်မိရပ်ဖအချို့ ထံမှ သိရသည်။

“(တပ်မှရယူထားသောမြေ) ကိုး သောင်းကျော်ဆိုတာအရင်က မသိခဲ့ဘူး။ ရှစ်သောင်းထဲက လျှော့ပေးမယ်လို့ ထင် ခဲ့တယ်။ ဟိုရောက်တာနဲ့ ၂၀၁၀ တုန်းက ကိုးသောင်းကျော်ရှိတယ်တဲ့။ ၁၂၀၀၀ ကို လျှော့ပစ်လိုက်ပြီလို့ ပြောတယ်” ဟု ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ လိုက် ပါခဲ့သည့် အုန်းပင်ကွင်းကျေးရွာအုပ်စုမှ ရာအိမ်မှူး ဦးမြင့်ဝင်းက ပြောသည်။ရှင်းလင်းပွဲတွင် မောရ၀တီရေတပ် စခန်းဌာနချုပ်မှ တပ်မတော်အရာရှိ နှစ်ဦး၊ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး တို့က အဓိက ရှင်းလင်းခဲ့ကြကြောင်း ၎င်းက ပြောသည်။

သဲချောင်းကျေးရွာအုပ်စုတွင် မေလ ၂၅ ရက်နေ့မှ စတင်တိုင်းတာ လျက်ရှိပြီး တပ်ပိုင်မြေအတွင်း ၎င်း၏ လယ်မြေနှင့် ဥယျာဉ်ခြံမြေ စုစုပေါင်း ဧကတစ်ရာကျော် ပါဝင်နေကြောင်း သဲချောင်းကျေးရွာမှ ဒေါ်မီးပျိုက ပြောသည်။” ဒီလိုသာ အားလုံးအသိမ်းခံ လိုက်ရရင် ကျွန်မ ဘယ်မှာ နေရမယ် မှန်းတောင် မသိတော့ဘူး။ စဉ်းစား ကြည့်ပါ။ တွေးမိ တိုင်း အရမ်းဝမ်းနည်း တယ်” ဟု ၎င်းက ငိုယိုပြောကြားသည်။

ဧက ရှစ်သောင်းကျော်သာတပ်ပိုင် မြေအဖြစ်အတည်ပြုလိုက်မည်ဆိုပါက ကျေးရွာအုပ်စု ငါးခုမှ ကျေးရွာ ၂၈ ရွာ ထိခိုက်နစ်နာမည်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။