ဆောက်လုပ်ရေးကုမ္ပဏီများ မှတ်ပုံတင် ရက်ထပ်တိုး

0
458

ထားဝယ်မြို့၊ အုန်းတောလမ်း ဆုံ အနီးရှိ ပန်းရောင်းသည့် နေအိမ်တွင် ပန်းလာဝယ်သည့် ဆဋ္ဌမတန်းကျောင်း သားတစ်ဦးကို အဆိုပါနေအိမ်နေ စိတ် မမှန်သူတစ်ဦးက သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အစိုးရဘဏ္ဍာငွေဖြင့် တနင်္သာရီ တိုင်းအတွင်း တည်ဆောက်မည့်လုပ်ငန်း များတွင် တင်ဒါဆွဲမည့် ဆောက်လုပ်ရေး ကုမ္ပဏီများ အစိုးရအဖွဲ့ရုံးတွင် မှတ်ပုံ တင်ရန် ရက်သတ်မှတ်ချက်ကို ထပ်တိုး ပေးထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများကို တင်ဒါဆွဲမည့် ကုမ္ပဏီများအနေဖြင့် ယခင်က မေလကုန်အပြီး မှတ်ပုံတင်ကြ ရန်သတ်မှတ်ထားသော်လည်း မေလ ကုန်အထိ တည်ဆောက်ရေး ကုမ္ပဏီ ၁၆၀ သာ မှတ်ပုံတင်သေးသည့်အတွက် အချိန်ထပ် တိုးပေးလိုက်ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။
မှတ်ပုံတင်ရမည့်ရက်ကို ဇွန်လ ၁၅ ရက်အထိ ရက်ထပ်တိုးပေးလိုက်ခြင်း ဖြစ်သည်။

” တင်ဒါခေါ်တဲ့အချိန် မှတ်ပုံတင် ထားတာမရှိရင် မပေးတော့မှာမို့ သူတို့ နစ်နာမှာစိုးလို့ ရက်တိုးပေးလိုက်တာ” ဟု တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။မေလ ၃၁ ရက် နေ့လယ် အချိန် ထိ တိုင်းအစိုးရအဖွဲ့ရုံးတွင် ကုမ္ပဏီ မှတ်ပုံတင်လျှောက်လွှာ ၂၈၃ စောင် လာထုတ်ထားကြပြီး စောင်ရေ ၁၆၀ သာပြန်တင်ကြသေးကြောင်း တိုင်းအစိုး ရအဖွဲ့ရုံးထံမှ သိရသည်။

တင်ဒါဆွဲမည့် ကုမ္ပဏီအရေ အတွက်၊ ကုမ္ပဏီခွဲများကို စိစစ်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် စံချိန်စံညွှန်း နှင့်အညီ ဖြစ်စေရန် စိစစ်ကြပ်မတ်နိုင်ရေး အတွက် တိုင်းဒေသကြီး တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေး ကော်မတီ တိုင်း အစိုးရအဖွဲ့ရုံးတွင် ထပ်မံပြီး မှတ်ပုံတင် ခိုင်းရခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းအတွင်းရှိ ကုမ္ပဏီများအပြင် တိုင်းဒေသကြီး ပြင်ပတွင် အခြေစိုက် သည့် ကုမ္ပဏီများလည်း မှတ်ပုံတင် နိုင်ပြီး ၃ နှစ်တာ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများ၊ ကုမ္ပဏီ၏အကြောင်း အချက်များ အစရှိသည့် အချက်အလက် များကို တင်ပြရမည်ဖြစ်ကြောင်း တိုင်း အစိုးရအဖွဲ့ရုံးထံမှ သိရသည်။