ကျောင်းသားကို စိတ်မူမမှန်သူက တုတ်ဖြင့်ရိုက်

0
440

ထားဝယ်မြို့၊ အုန်းတောလမ်း ဆုံ အနီးရှိ ပန်းရောင်းသည့် နေအိမ်တွင် ပန်းလာဝယ်သည့် ဆဋ္ဌမတန်းကျောင်း သားတစ်ဦးကို အဆိုပါနေအိမ်နေ စိတ် မမှန်သူတစ်ဦးက သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဆဋ္ဌမတန်း ကျောင်းသား သည် ဇွန်လ ၁ ရက်နေ့က အခြားသူ တစ်ဦးနှင့်အတူ အိမ်သို့ ပန်းဝယ်ရန် သွားစဉ် အသက် ၄၅ နှစ်အရွယ် စိတ်မမှန်သည့် အမျိုးသားက စကားပြော ဆိုခြင်း မရှိဘဲ အရှည် ၂ ပေခန့်ရှည်သည့် သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ရိုက်နှက်မှုကြောင့် ဆဋ္ဌမတန်း ကျောင်းသား၏ ဦးခေါင်းတွင် ဒဏ်ရာ ရရှိကာ ထားဝယ်ဆေးရုံကြီးတွင် တက် ရောက်ကုသနေရပြီး စိုးရိမ်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရိုက်နှက်သည့် အသက် ၄၅ နှစ် အရွယ် အမျိုးသားမှာ စိတ်ပေါ့သွပ်သူတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် ၃ လခန့်က ရန်ကုန် မြို့ရှိ ရွာသာကြီး စိတ်ရောဂါကု ဆေးရုံ တွင် ကုသမှုခံယူပြီး ပြန်လာသူတစ်ဦး ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သစ်သားတုတ်ဖြင့် ရိုက်နှက်သူ အမျိုးသားကို (ပ)၁၀၂၅^၂၀၁၇၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ-၃၂၅ဖြင့် ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီးထား ဝယ်ဆေးရုံကြီး စိတ်ရောဂါ ကုသဆောင် တွင် ထားရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။