စစ်ဆေးရေးဂိတ်သုံးခုကို မောင်းပြေးသည့် တရားခံတစ်ဦးကို သေနတ်ပစ်ဖမ်း

0
516

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် နယ်ခြားစစ်ဆေးရေးဂိတ်ဖြစ်သည့် မလွှဲ တောင် စစ်ဆေးရေးဂိတ်အပါအဝင် ထားဝယ်မြို့ မရောက်မီ ဂိတ်သုံးခုတွင် စစ်ဆေးခံမှုမရှိဘဲ ယာဉ်မောင်းပြေးသူ တစ်ဦးကို မိုင် ၈၀ ခန့်အကွာရှိ ထားဝယ် မြို့အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် သက် ၂၁ နှစ်အရွယ် အမျိုး သားတစ်ဦး မောင်းနှင်လာသောTOYOTA Wish အနက်ရောင်သည် မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် မောင်း ပြေးသဖြင့် ထိုဂိတ်နှင့် မိုင် ၅၀ ခန့် အကွာရှိ ကလိန် အောင်တံတား ရဲကင်း ဂိတ်တွင် ဘယ်ရီဂိတ်များချကာ ဖမ်းဆီး ရန်လုပ်ဆောင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံး မှတ်တမ်းအရ သိရသည်။

သို့သော် အဆိုပါယာဉ်သည် ကလိန်အောင်တံတားတွင် အစစ်ဆေးခံ ဟန်ပြု၍ မောင်းပြေးပြီး ထိုမှ မိုင် ၃၀ ခန့်အကွာရှိ ရေဖြူမြို့ ဘီးခွန်ဂိတ်တွင် လည်း ပိတ်ဆို့ထားသော ဘယ်ရီ ဂိတ် များကို ဝင်တိုက်ပြီး ဆက်မောင်းပြေးခဲ့ ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။ထိုနောက် ထားဝယ်မြို့အနီး ဇီးကျ ရွာ တိုးဂိတ်တွင် ရဲကားများဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ရာ ဆက်မမောင်းနိုင် တော့ဘဲ ကားထားခဲ့ပြီး ထွက်ပြေးကာ ရွာအတွင်း ရှိ ဆိုင်ကယ်ကို ယူပြီးမောင်းနှင်ထွက်ပြေး ခဲ့ကြောင်း၊ ဆက်မပြေးရန် သတိပေးပြီး ခြောက်လှန့်ပစ်ခတ်သော်လည်း မရပ် သဖြင့် ခါးအောက်ပိုင်းကို ပစ်ခတ်ခဲ့ရ ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းတွင် ဖော် ပြထားသည်။

ဆိုင်ကယ်အရှေ့တာယာ၊ ဂွေ၊ ဆိုင် ကယ်ကိုယ်ထည်နှင့် ဆီတိုင်ကီတို့တွင် ကျည် ၄ ချက်ထိမှန်ခဲ့သော်လည်း မမိ သေးဘဲ ဇီးကျရွာ အုတ်ဖိုအနီး တောစပ် တွင် ဆိုင်ကယ်ကို ထားရစ်ထွက်ပြေး သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။၎င်းနောက်သို့ လိုက်လံဖမ်းဆီးရာ ညနေ ၆ နာရီခန့်တွင် အဆိုပါ တရားခံက ရဲအရာရှိဖြစ်သူကို ဝင်ရောက်လုံးထွေး ပြီး သေနတ်လုရန် ကြိုးစားသဖြင့် ရဲ အရာရှိက ခြောက်လုံးပြူးသေနတ်ဖြင့် ၁ ချက် ပစ်လိုက်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။”တောက်လျှောက်ကြီး (မောင်းပြေး တာ)ဆိုတော့ ဘာကောင်လဲပေါ့၊ တစ်ခု တော့ဖြစ်ပြီ၊ သေနတ်တွေပါရင်ပါမှာပေါ့၊ ဒီလောက် ဆိုရင်တော့ပစ်တော့လို့ ပစ် ခိုင်းလိုက်တာ” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် အမျိုးသား၏ ယာဘက်တင်ပါးဆုံကို ထိမှန်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါသံသယ တရားခံဖြစ်သူ ထံမှ WY စိတ်ကြွ ဆေးပြား ၃၅ ပြားကို ဖမ်းမိခဲ့ပြီး ၎င်း မောင်းနှင်လာသည့် အနက်ရောင်ကားမှာလိုင်စင်မဲ့ မော်တော် ယာဉ်ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။သေနတ်ပစ်ဖမ်းဆီးခဲ့ရသည့် အဆိုပါ အမျိုးသားကို ထားဝယ်ဆေးရုံ ကြီးတွင် ခွဲစိတ်ကုသခဲ့ပြီး လက်ရှိတွင် အသက် အန္တရာယ် မစိုးရိမ်ရတော့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်နေ အဆိုပါအမျိုးသားကို မူးစိတ်ပုဒ်မ၊ ပို့/သွင်းကုန် ဥပဒေ ပုဒ်မ-၈ တို့ဖြင့် ရေဖြူမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။