ထိုင်း ရှပ်ခိုးဆွဲလှေတစ်စီးကို မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိ

0
551

ကော့သောင်းမြို့နယ်၊ မြန်မာ့ ရေပိုင်နက်တွင် တရားမဝင် ရှပ်ခိုးဆွဲလှေ တစ်စီးကို မေလ ၂၃ ရက်နေ့ က မြန်မာ့ ရေလုပ်သား ၇ ဦးနှင့်အတူ ဖမ်းမိခဲ့သည် ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရ သည်။

စူငယ်ပါလိုင်းကျေးရွာအနီး ငှက် သိုက်ကျွန်း အနောက်ဘက်တွင် ရှပ်ခိုး ဆွဲလှေကို မြန်မာ့ပင်လယ်ပြင် စိုးမိုးရေး တပ် ရေယာဉ်က ဖမ်းဆီးခဲ့ပြီး စက်လှေ နှင့်အတူ ရေလုပ်သားများကို ကော့သောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရပါသည်။

“တရားမဝင်ရှပ်ခိုးဆွဲလှေက ထိုင်း လူမျိုးပိုင် ဖြစ်ပြီးတော့ လှေလုပ်သား အများစုမှာ မြန်မာလူမျိုးတွေဖြစ်လို့ ဖမ်းမိ သည့်အခါလည်း ၎င်းတို့ကိုပဲ ဖမ်းဆီး အရေးယူရတယ်” ဟု ကော့သောင်းမြို့မ ရဲစခန်းမှ ရဲအုပ်တစ်ဦးက ဆိုသည်။

တရားမဝင်ရှပ်ခိုးဆွဲလှေနှင့်အတူ ဖမ်းမိခဲ့သည့် မြန်မာရေလုပ်သား ၇ ဦး ကို နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါး လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေအား ပြင်ဆင် သည့် ဥပဒေပုဒ်မ ၃၈(က)(ခ)အရ အမှု ဖွင့်အရေးယူထားကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။