ထားဝယ်တက္ကသိုလ် ကျောင်းသူများ အဆောင်နေထိုင်ခွင့် စတင်လျှောက်နိုင်

0
492

ထားဝယ်တက္ကသိုလ်တွင် တက် ရောက်နေသော ကျောင်းသူများအနေဖြင့် အဆောင်နေထိုင်ခွင့်အတွက် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်ထံမှ သိရသည်။

တက္ကသိုလ် အတွင်းတည်ဆောက် ထားသော ကျောင်းသူ ၁၃၀ ဦး ဆံ့ အဆောင်တွင် ၂၀၁၆ – ၂၀၁၇ ပညာသင် နှစ် ဒုတိယစာသင်နှစ်ဝက် အဆောင် နေထိုင်ခွင့်အတွက် ဇွန် ၂ ရက်မှ ၁၆ ရက်နေ့အတွင်းတွင် လျှောက်ထားရမည် ဖြစ်ပြီး လျှောက်လွှာကိုသင်တန်းရေးဌာန တွင် ထုတ်ယူနိုင်ကြောင်း တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ပြောသည်။

“ကျောင်းသူများအနေဖြင့် လာ လျှောက်တဲ့အခါမှာလည်း သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာထောက်ခံစာနဲ့ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ခံစာတို့ ပါရမှာပေါ့” ဟု ၎င်း က ပြောသည်။ထားဝယ် စည်ပင်နယ်နမိတ်ပြင်ပမှ ကျောင်းသူများကို လက်ခံသွားမည်ဖြစ် ကြောင်း ဒုတိယပါမောက္ခချုပ်က ပြော သည်။

“တကယ်တမ်း အဆောင်နေထိုင်ဖို့ အတွက် လိုအပ်နေလား။ နောက်ပြီးတော့ မြို့နယ်အနီးအဝေးကိုမူတည်ပြီးတော့ ကျောင်းသူများကိုရွေးချယ်သွားမယ်”ဟုဒုတိယပါမောက္ခချုပ်က ဆိုသည်။ရွေးချယ်ခံရမည့် ကျောင်းသူများကိုတစ်ပတ်အတွင်းထုတ်ပြန်ကြေညာသွားမည်ဟုဆိုသည်။
အဆောင်နေထိုင်စရိတ်မှာ တစ်နိုင်ငံ လုံးရှိ တက္ကသိုလ်အသီးသီး၏ နှုန်းထား အတိုင်း တစ်လ ကျပ် ၅၀၀၀ ဖြစ် ကြောင်း သိရသည်။
ကျောင်းသားအဆောင်ကိုမူ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်တွင်မှ ဖွင့် လှစ်နိုင်မည်ဟုဆိုသည်။

ထားဝယ်တက္ကသိုလ်တွင် လက်ရှိ တက်ရောက်နေသော နေ့ကျောင်းသား၊ ကျောင်းသူဦးရေ ၃၅၀၀ ခန့် ရှိကြောင်း သိရသည်။