ကျန်းမာရေးအာမခံ ဝယ်ယူသူ မရှိသေး

0
494

ဧပြီလ ၁ ရက်နေ့တွင် စတင်ခဲ့သည့် ကျန်းမာရေး အာမခံ ပုံစံအသစ် ဝယ်ယူ သူမရှိသေးကြောင်း မြန်မာ့အာမခံ လုပ် ငန်း တနင်္သာရီတိုင်းဒေသကြီးရုံးထံမှ သိရ သည်။

ဆေးရုံတက်နေသည့် ကာလအတွင်း တစ်ရက်လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ရက် ၆၀ အထိ ခံစားခွင့်ရှိသည့် အခြေခံ အာမခံ အကာအကွယ်များကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ပြီး လက်ရှိအချိန်ထိ ဝယ်ယူသူ မရှိသေးကြောင်း မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံး တာဝန်ခံက ဆိုသည်။”လောလောဆယ်တော့ အာမခံ လာဝယ်သူ မရှိသေးဘူး” ဟု အဆိုပါ တာဝန်ခံက ပြောသည်။

အစုအဖွဲ့အလိုက်(၅ဦးနှင့် အထက်) စုပေါင်းဝယ်ယူပါက လစဉ်ပေးသွင်းနိုင် သည့် အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပြီး တစ်ဦးချင်းဝယ်ယူပါက ၆ လ တစ်ကြိမ် ပေးသွင်းခြင်းနှင့် အပြေအကြေ ပေးသွင်း ခြင်း စသည့် အဆင်ပြေသည့် ပုံစံဖြင့် ဝယ်ယူနိုင်ကြောင်း ၎င်းက ဆိုသည်။

အခြေခံ အကာအကွယ် တစ်ယူနစ် အတွက် အသက် ၆ နှစ်မှ ၄၀ နှစ်အထိကို ပရီမီယံကြေး ကျပ် ၄၄၀၀၀ ဖြင့် လည်း ကောင်း၊ အသက် ၄၁ နှစ်မှ ၅၀ နှစ်အထိကို ကျပ် ၄၉၅၀၀ ဖြင့်လည်း ကောင်း၊ ၅၁ နှစ်မှ ၆၀ နှစ်အထိ ကျပ် ၇၁၅၀၀ ဖြင့် လည်းကောင်း၊ ၆၁ နှစ်မှ ၆၅ နှစ်အထိ ကျပ် ၉၃၅၀၀ ဖြင့်လည်း ကောင်း အသက်အရွယ်လိုက် ဈေးနှုန်း ကွာခြားကြောင်း မြန်မာ့အာမခံ လုပ်ငန်း တိုင်းဒေသကြီးရုံးထံမှ သိရသည်။

အခြေခံအာမခံအကာအကွယ်တွင် ရောဂါကြောင့် ဆေးရုံတက်ခြင်း၊ မတော် တဆမှုကြောင့် ဆေးရုံတက်ခြင်း များပါ ဝင်ပြီး မတော်တဆမှုကြောင့် သေဆုံးပါ က ကျပ် သိန်းနှစ်ဆယ် အထိ လျော် ကြေးငွေ ရရှိမည်ဖြစ်သည်။