မြိတ်အကျဉ်းထောင် တိုးချဲ့ အဆောင် အောက်တိုဘာအပြီး ဆောက်မည်

0
439

မြိတ်အကျဉ်းထောင်တွင် ထောင် သားဦးရေမဆံ့သောကြောင့် အဆောင် တိုးချဲ့မှုကို လာမည့် အောက်တိုဘာလ အတွင်း အပြီး လုပ်ဆောင်သွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။

လက်ရှိ အကျဉ်းထောင်အတွင်းရှိ အဆောင်များတွင် ၆၈၆ ဦးသာ ဝင်ဆံ့ သော်လည်း အကျဉ်းသား၊ အချုပ်သား အစရှိသည့် လူဦးရေမှာ ၁၀၀၀ ကျော်ရှိ နေသည့်အတွက် ၎င်းတို့ စားဝတ်နေရေး အဆင်ပြေစေရန် ထောင်ဝင်း အတွင်း အဆောင်သစ်ကို ယခုလတွင် စတင် ဆောက်လုပ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

” အကျဉ်းထောင်ကို မချဲ့ဘူး၊ အဆောင်ကိုပဲ ထပ်ဆောက်တာပါ” ဟု အကျဉ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီး မှူး ဦးကျော်ဌေးက ပြောသည်။
လက်ရှိ ဆောက်လုပ်နေသည့် အဆောင်မှာ ပေ ၉၀၊ ပေ ၆၀ RC ကွန်ကရစ် နှစ်ထပ်အဆောက်အအုံ ဖြစ် ကြောင်းတနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။