ထားဝယ်အလှမယ်ပြိုင်ပွဲဝင် လျှောက်လွှာ ၄၀ ထုတ်ပေးမည်

0
534

ဒုတိယအကြိမ်ကျင်းပမည့် Miss Universe Dawei 2017 ၂၀၁၇ ရွေးချယ် ပွဲတွင် ပြိုင်ပွဲဝင်ခွင့် လျှောက်လွှာ ၄၀ ထုတ်ပေးမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ် သည့် အဖွဲ့ထံမှ သိရသည်။

ပြိုင်ပွဲအတွက် လူရွေးပွဲကို ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်ပွဲကိုမူ ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သည့်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။” ပြိုင်ပွဲဝင် လျှောက်လွှာတွေကို ဒီ နှစ်တော့ အကန့်အသတ်နဲ့ ထုတ်ပေး သွားဖို့ရှိတယ်။ အဲဒီထဲက ပြိုင်ပွဲအတွက် ၂၀ ဦးကို ရွေးချယ်သွားမယ်” ဟု အဆို ပါတာဝန်ရှိသူက ပြောသည်။

အသက် ၁၆ နှစ်မှ ၂၇ နှစ်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ထားဝယ်တိုင်း ရင်းသူများကိုသာ ရွေးချယ်သွားမည်ဟု သိရသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို Foto King (Photo & Video Studio) ၊ ချူးချူး (Fashion Shop) စသည်တို့တွင် ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။

Miss Universe Dawei ပြိုင်ပွဲ ကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်သည်။
ရွေးချယ်ခံရသည့် အလှမယ်သည် ရန်ကုန်မြို့တွင် ပြုလုပ်မည့် Miss Universe Myanmar ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။