ပျောက်ဆုံးမှတ်ပုံတင်သုံး လိမ်လည်မှုတွေ ရှိလာပြီ

0
553

ပျောက်ဆုံးသွားသည့် မှတ်ပုံတင် (နိုင်ငံသား စိစစ်ရေးကတ်ပြား) ကို ကောက်ရသူက အသုံးချကာ ငွေကြေး လိမ်လည်မှုတွေ ရှိလာတယ်လို့ ထားဝယ် ရဲစခန်းက သိရပါတယ်။online shop လို့ခေါ်သည့် Facebook လူမှုကွန်ရက်ပေါ်မှာ ကုန် ပစ္စည်းရောင်းချတဲ့ လုပ်ငန်း အချို့က ဒီလို အသုံးချလာကြတယ်လို့ ထားဝယ် စခန်းက ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

အခုလပိုင်းထဲမှာ ထားဝယ်မြို့ခံ တစ်ယောက်က ရန်ကုန် online shop တစ်ခုကို ဝယ်ထားတဲ့ ပစ္စည်းတန်ဖိုး ငွေကျပ်နှစ်သိန်းနီးပါးကို ဘဏ်က တဆင့် လွှဲပေးလိုက်ပြီးနောက်ပိုင်းမှာ online shop ဘက်က အဆက်အသွယ် မလုပ် လာတော့ဘူးလို့ ဆိုပါတယ်။ပိုက်ဆံလွှဲပေးလိုက်ရတဲ့ မှတ်ပုံ တင်ကို ရဲက စုံစမ်းလိုက်တော့ မှတ်ပုံ တင်ပိုင်ရှင်က သက်ဆိုင်ရာကို ပျောက် ဆုံးတိုင်ကြားထားတဲ့ မှတ်ပုံတင်ဖြစ် နေတာပါ။

မှတ်ပုံတင် ကောက်ရထားတဲ့သူက online shop ဖွင့်ပြီး ကောက်ရထားတဲ့ မှတ်ပုံတင်နဲ့ ငွေလွှဲခိုင်းခဲ့တာဖြစ်ပါ တယ်။
တကယ်လို့သာ မှတ်ပုံတင်ပိုင်ရှင် က ပျောက်ဆုံးသွားတယ်လို့ သက် ဆိုင်ရာကို အကြောင်းမကြားထားဘူး ဆိုရင် ပျောက်ဆုံးမှတ်ပုံတင် ပိုင်ရှင်က ရှင်းရနိုင်တယ်လို့ ရဲအရာရှိက ဆိုပါ တယ်။

ဒီအတွက် မှတ်ပုံတင် ပျောက်ဆုံး ရင် နီးစပ်ရာ ရဲစခန်း ဒါမှမဟုတ် လ၀က ရုံးမှာချက်ချင်း အကြောင်းထားဖို့ လိုတယ်လို့ သူက အကြံပြုပါတယ်။
အင်တာနက်လူမှုကွန်ရက် စာမျက် နှာပေါ် ဈေးရောင်းမှုတွေမှာ မှာယူထား တဲ့ ပစ္စည်းရောက်မှ ကျသင့်ငွေ ပေးချေ ရတာ ရှိသလို ငွေကြိုပြီး လွှဲပေးရတာ တွေလည်း ရှိပါတယ်။

ငွေလိမ်တဲ့ ဈေးရောင်းသူ အများစု က အခြား မြို့ကြီးတွေကနေ လုပ်ကိုင်နေ တဲ့ သူတွေဖြစ်ပြီး ပစ္စည်း မရောက်ခင် ငွေကိုကြိုလွှဲခိုင်းလေ့ ရှိပါတယ်။