မွန်တွင် လစ်လပ်ဝန်ကြီးနေရာ လာမည့်လွှတ်တော်အစည်းအဝေးတွင် ခန့်အပ်မည်

0
498

မွန်ပြည်နယ်အစိုးရအဖွဲ့ လစ်လပ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးနေရာကို ဇွန်လ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီးနေရာကို ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပူးတွဲတာဝန်ယူခဲ့သည်။
ဦးမင်းမင်းဦး ဝန်ကြီးချုပ်နေရာတွင် နုတ်ထွက်ခဲ့ပြီးနောက် စည်ပင်သာယာ ရေးကို မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအား နှင့်စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန် က ယာယီတာဝန်ယူသည်။

ဆောက်လုပ်ရေးကိုမူ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ယာယီ တာဝန်ယူထားသည်။
” အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတဆီက သဘောတူညီချက်ယူရဦး မယ်။ ပြည်နယ် လွှတ်တော်ကိုတင်မယ်။ လွှတ်တော်က သဘောတူရင်တော့ ရွေး ချယ်ထား ပြီးပြီလို့တော့ ပြောရမယ်။ စည်းမျဉ်းအရ ဘယ်သူလဲဆိုတာ အတိ အကျ မပြောနိုင်သေးဘူး” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ဇွန်လ ၇ ရက်တွင် စတင် ကျင်းပ သွားမည့် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မေးခွန်း မေးမြန်းမည့် လွှတ်တော်ကိုယ် စားလှယ်များ မေလ ၂၅ ရက်နေ့ နောက်ဆုံးထားကာ လွှတ်တော်ရုံးသို့ တင်ရမည်ဖြစ်ပြီး အဆိုကိုလည်း မေလ ၂၂ ရက် နောက်ဆုံး တင်ပြရမည်ဟုလည်း လွှတ်တော်ရုံးမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ကို သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်း ရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗမာတိုင်းရင်းသားဝန်ကြီးဌာန၊ ကရင် တိုင်းရင်းသားဝန်ကြီးဌာန၊ ဗအိုဝ်းတိုင်း ရင်းသားဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအားနှင့် စက်မှုဝန်ကြီးဌာန၊ စီမံ ကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန ၉ ခုဖြင့် ဖွဲ့စည်းထားခဲ့သည်။