ထားဝယ်လမ်းဘေး ရေနုတ်မြောင်း ဇွန်လအကုန် အပြီးတူးဖော်မည်ဟုဆို

0
384

ထားဝယ်မြို့ပေါ်တွင် လမ်းနံဘေး ရေမြောင်းငယ်များကို ဇွန်လအကုန်အပြီး တူးဖော်မည်ဖြစ်ကြောင်း ထားဝယ်မြို့ နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ က ပြောသည်။ရေစီးရေလာကောင်းမွန်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေ ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ စည်ပင်ဝန်ထမ်းနှင့် ရပ် ကွက်အတွင်း နေထိုင်သူများနှင့် ပူးပေါင်း တူးဖော်သွားမည်ဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌက ဆိုသည်။

” တူးမယ့်မြောင်းတွေကိုတော့ သက်ဆိုင်ရာရပ်ကွက်က ရပ်မိရပ်ဖတွေနဲ့ စည်ပင်က အင်ဂျင်နီယာအဖွဲ့တွေ ညှိ နှိုင်းပြီးရွေးချယ်သွားမယ်” ဟု ၎င်းက ဆိုသည်။
ယင်းကြောင့် မြောင်းမည်မျှတူး ဖော်မည်ဆိုသည်နှင့် မည်သည့်နေရာ များတွင် တူးဖော်မည်ဆိုသည်ကို ကြို မသိနိုင်ကြောင်း ၎င်းကဆိုသည်။
ရေမြောင်းတူးပြီးနောက်မြေများ တင်ကျန်ပြီး မိုးရွာချိန် မြောင်းအတွင်း ပြန်စီးဝင်သည့်အတွက် ဝေဖန်မှုများရှိနေ သည်။ရေမြောင်းများတူးဖော်စဉ်တွင် တူးဖော်ထားသောမြေကိုလည်း စည်ပင် က ပြန်လည် သယ်ယူရှင်းလင်းသင့် ကြောင်း ပိန္နဲတောရပ်ကွက်နေ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” အရင်အစိုးရ လက်ထက်တုန်းကလည်းရေမြောင်းတူးတာပဲ။ ဒါပေမဲ့ သူတို့ကတူးထားတဲ့မြေတွေကို မသိမ်း ဘူးဆိုတော့ မိုးရွာတဲ့အခါမှာမြောင်းထဲ ကိုကျကုန်ကြရော။ ဒီတော့ မြောင်းပိတ် တာပေါ့။ အဲလိုမဖြစ်အောင်တော့ လုပ်ဖို့ လိုတယ်လေ” ဟု အဆိုပါ အမျိုးသား က ပြောသည်။
တူးဖော်စဉ်တွင် မပါသော ရေ မြောင်းများနှင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုလုပ်ထားသည့် အင်္ဂတေရေမြောင်း များ ရေစီးရေလာကိုကြည့်ပြီး ဒုတိယ အကြိမ် ထပ်မံတူးဖော်သွားမည်ဖြစ် ကြောင်း စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။