ပုစွန်သားပေါက် နှစ်စဉ် လွှတ်မည်

0
413

မြန်မာ့ပင်လယ်ပြင်တွင် ပုစွန်မျိုး ပြုန်းမှု မရှိစေရန် ရေငန်ပုစွန်သားပေါက် နှစ်စဉ် လွှတ်မည်ဖြစ်ကြောင်း ထားဝယ် ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ရေအောက် သယံဇာတများ ရှား ပါးလာပြီး မျိုးသုဉ်းလာနိုင်သဖြင့် စဉ်ဆက် မပြတ်ဖမ်းဆီးနိုင်ရန် ရည်ရွယ်ကာ ရေငန် ပုဇွန်သားပေါက်များ ပင်လယ်ကမ်းစပ် ရှိ ဒီရေတောများအတွင်း လွှတ်ပေးရ ခြင်းဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူးက ဆိုသည်။” ဒီရေတောထဲမှာ ရှင်သန်ကြီးထွား လာပြီး ပင်လယ်ထဲမှာ ပိုပေါလာအောင် ပါ” ဟု ငါးလုပ်ငန်းဦးစီးဌာန ခရိုင် ဦးစီးမှူးက ပြောသည်။

ပြီးခဲ့သည့် မေလ ၈ ရက်က ထားဝယ်ခရိုင် ကျောက်နီမော်ရွာအနီးရှိ ဒီရေတောအတွင်းသို့ ရေငန်ပုစွန် (တိုက်ဂါး) သားပေါက် အသက် တစ်လကျော် အရွယ် အကောင်ရေ ၁၅ သိန်းကို လွှတ် ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ပုစွန်သားပေါက်များကို ညောပြင် ရွာအနီးရှိ ရေငန်ပုစွန်သားဖောက် စခန်း တွင် သားဖောက်ခဲ့ကြောင်း ထားဝယ် ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရ သည်။