ထောက်ခံပွဲအတွက် ယတြာ

0
837

ဖိုးဟားသည် တိုင်းအစိုးရအဖွဲ့ကို ထောက်ခံဆန္ဒပြပွဲလုပ်ရန် ဆော်ဩစည်း ရုံးနေသူဖြစ်သည်။တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင် ချက်များကို ကြိုက်သည်။ သဘောကျ သည်။ အားရကျေနပ်သည်။ ပြောင်းလဲမှု များကို ဖော်ဆောင်ပြီး၊ ဖော်ဆောင်နေဆဲ၊ ရှေ့ဆက်ဖော်ဆောင် လိမ့်မည်ဟုလည်း ဖိုးဟား မျှော်လင့်နေမိသည်။ ယုံလည်း ယုံကြည် နေမိသည်။

တချို့က အခုချိန်အထိ ဘာမှ မပြောင်းလဲဟု ပြတ်ပြတ်သားသား၊ ပြင်း ပြင်းထန်ထန် ဝေဖန်နေကြသည်။ ဖိုး ဟား လက်မခံပါ။
တိုင်းအစိုးရ ရုံးတော်ကြီးနှင့် ကမြောကင်းတံတားကို ကြည့်ပါ။ ယခင် က အဖြူရောင်ခြယ်ထားရာမှ အခုချိန် နီဖျော့ဖျော့ (ပင်နီအရောင်လို့ ခေါ်ရ မလား)အရောင်လေးတွေ ပြောင်းချယ် ထားပြီး ဖြစ်သည်။ ပြည်သူတွေ ပြောင်းလဲမှုကို မြင်လိမ့်မည်။

ယခင်ကဆိုလျှင် အခမ်းအနားဖွင့်ပွဲ များ သိပ်မစည်ကား။ ယခုဆိုလျှင် ပန္နက်ရိုက်ပွဲ၊ ခြင်းလုံးခတ် ပွဲမှအစ ကွန် ဒိုဖွင့်ပွဲ၊ လမ်းဖွင့်ပွဲအဆုံး ဖိုးဟားတို့ အစိုးရအဖွဲ့ မပါက ပွဲမစည်။ မည်မျှ အလုပ် များကြသည်ကို သိချင်သပဆိုက တိုင်းအစိုးရရုံးသွား၊ ဝန်ကြီးများ အခန်း ရှေ့တွင် လျှောက်၊ အလည်လာပါသည် ဟုပြော၊ ဝန်ကြီးများ၏ အခန်းထဲ တွေ့ရမည့် White Board ဖြူဖြူလေး များပေါ် ရေးထားတာ လိုက်ဖတ် ကြည့်ပါ။ဘယ်နေ့၊ ဘယ်ချိန်၊ ဘယ်အခမ်း အနား၊ ဘာပွဲ ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲ ဖတ် ရင်း တောင်မူးလာလိမ့်မည်။

အရင်ပတ်ကဆိုလျှင် လမ်းဖွင့်ပွဲကြီး ခြိမ့်ခြိမ့်သည်းမျှ ကျင်းပလိုက်သေးသည်။ “ပြည်သူနှင့်အတူ” ဆိုသည့်အတိုင်း ဖွင့် ပွဲတွင် ပြည်သူတစ်ဦးကိုပင် စကားပြော ခွင့်ပေးသေးသည်။ ပြည်သူတွေနှင့် တစ် တန်းတည်းနေခြင်း ပြည်သူတွေ၏ ပူး ပေါင်းပါဝင်မှုများကို ဆီးကြိုခြင်း၏ပြယုဂ်ဟုဖိုးဟား မှတ်ယူသည်။
အရောင်အဆင်းတွေလည်း ယခင် အခမ်းအနားများ၌ မြင်တွေ့နေကြတိုင်း မဟုတ်။ ပြောင်းလဲသွားသည်။ အရာရှိ ကြီးများ လမ်းလျှောက်ရာနေမှာ ခင်းထား တဲ့ အခင်းပိုင် ကော်ဇော်အစိမ်းရောင်များ မဟုတ်တော့။ ကော်ဇောအနီရောင်သို့ ပြောင်းသွားသည်က မျက်မြင်။

ဒါကိုမှ ဖိုးဟားတို့ တိုင်းအစိုးရကို မရေမရာ လာဝေဖန်နေကြသေး။ ဖိုးဟား မပြောချင်၍ ကြည့်နေခြင်းသာဖြစ် သည်။
တိုင်းတွင်းလမ်းဖွင့်ပွဲမျှမက၊ အခြား ပြည်နယ်က နာမည်ကျော်တံတားဖွင့်ပွဲ ကိုပင် မပျက်မကွက် သွားတက်နေကြရ သေးသည်။ တကယ်ကို အားအားမနေရ။ အလုပ်များလှသည့် အစိုးရအဖွဲ့ပင် ဖြစ်သည်။

ယင်းတံတားဖွင့်ပွဲခရီးတွင် တစ် ခြားသူများကဲ့သို့ ဇိမ်အပြည့်နှင့်မဟုတ်။ မအားသည့်ကြားက တုတ်တုတ် (သုံးဘီး ဆိုင်ကယ်)စီးပြီး သွားနေရအကြောင်း Fခေနဘသသု (လူမှုကွန်ရက်)ပေါ် တင် နေရသေးသည်။ မအားကို မအားသည့် တိုင်းအစိုးရအဖွဲ့ဖြစ်သည်။ယင်းသည်ကိုပင် ” အုပ်စုဖွဲ့ပြီး အလည်သွားနေကြတယ်” ဆိုသူက ဆိုကြ။ ဖိုးဟား ထိုသူတွေကို တစ်ခုခု လုပ်ပစ်ချင်သည်။ ” လွတ်လပ်စွာ၊ ဒီမိုက ရေစီပါ၊ ဘာပါ ညာပါ” ဟု ပြောပြီး မဲဆွယ်ထားဖူး၍သာ ဖိုးဟား သည်းခံနေ ရသည်။

တိုင်းအစိုးရအဖွဲ့ မအားသလို ဖိုး ဟားလည်း မအားပါ။ နေ့တိုင်းအစိုးရ ဖွဲ့ကို တိုင်းအတွင်းရှိပြည်သူတွေက ထောက်ခံဆန္ဒပြပွဲ လုပ်ကိုလုပ်ရမည့် ရည်ရွယ်ချက်ထား သူဖြစ်သည်။ ရည်ရွယ်ချက် အကောင်အထည်ပေါ်ဖို့ အတွက် ပြည်သူအကြား ဆော်ဩစည်း ရုံးနေရသည်။
သို့သော် တစ်ခါတစ်ရံ ဖိုးဟား စိတ်ပျက်မိသည်။ ဝမ်းနည်းလွန်းမိသည်။ မီဒီယာများက ဖွပဲ ဖွနိုင်လွန်းသည်။ ယင်းကို ဖိုးဟား အကြောက်ဆုံး။ မီဒီယာ တွေကို မုန်းလာသည်။ Facebook တည်ထွင်သူကို မုန်းလာသည်။

တစ်ခါကလည်း တိုင်းလွှတ်တော် ဥက္ကဋ္ဌအား လွှတ်တော်လုပ်ငန်းတွေ ကြန့်ကြာနေသည်၊ ဒု လွှတ်တော်ဥက္ကဋ္ဌက တင်ဒါကိစ္စ လူပြောသူပြောများ နေသည် ကို ကိုယ်စားလှယ်များ တိုင်ကြတောကြ သည်ဆိုတုန်းကလည်း ဖိုးဟား သွားစရာ နေရာပင် မရှိ။ ပြေးစရာ မြေမရှိတော့ အောင် သူတို့ ဖွကြသည်။
ဟင့်..၊ ယခုတော့ ယင်းကိစ္စ အသံ တိတ်သွားသဖြင့်သာ တော်သေးသည်။ နောက်နောင် ထပ်မဖွကြဖို့ ဖိုးဟား ဆုတောင်းနေရသည်။
ဖိုးဟားအိမ်တွင် အရင်လက ဘုရား ကိုးဆူတင်၊ နတ်တင် လုပ်လိုက်သေး သည်။ ဖိုးဟား အိမ်အတွက် မဟုတ်။ ဖိုးဟားလော်ဘီ လုပ်နေသည့် တိုင်းအစိုးရ ကံထူးကံမြင့် လာစေရန်အတွက်ဖြစ် သည်။

သို့သော် ဖိုးဟားတို့ ဝန်ကြီးချုပ်၏ ပြောစကားတွေကို Fခေနဘသသု ပေါ်တွင် ပလူပျံအောင် အဖွခံခဲ့ကြသည်။ ” ကံမကောင်းအကြောင်းမလှလို့ ဝန်ကြီး ချုပ်ဖြစ်လာရတာပါ” ၊ ” ကျွန်မတို့ အစိုးရ အဖွဲ့က အစိုးရမလုပ်တတ်ပါဘူး” စသည့် ဗီဒီယိုဖိုင်များ၊ စာသားများက ပလူပျံ နေတော့သည်။ ယင်းသို့ဖြင့် တချို့က ဖိုးဟားတို့အစိုးရဖွဲ့ကို ” ဘာဖြစ်တယ်၊ ညာဖြစ်တယ်” ဆိုပြီး ဝေဖန်ကြပေ တော့သည်။ ဖိုးဟား လက်မခံနိုင်ပါ။

ဝန်ကြီးချုပ်က ကောင်းတာ အများ ကြီး လုပ်နေသည်။ အခုသည်လည်း စိတ်ထဲမထားမိဘဲ ရင်းရင်းနှီးနှီးပြောမိလို့ ဖြစ်သည်။
” ဟုတ်လည်း ဟုတ်ပါတယ်၊ ဖိုး ဟားတို့ ဝန်ကြီးချုပ်က ဆရာဝန်လုပ်လာ တာ ၂၆ နှစ်ရှိပြီဆိုတော့ အဲတာတွေ အားနည်း နေတယ်ပေါ့” ၊ ” ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့” စသဖြင့် ဖိုးဟား မမောနိုင်မပန်းနိုင် လိုက်ပြောပြ စည်းရုံး ရေး ဆင်းနေရတော့သည်။
တချို့ကတော့ အတွန့်တက်ကြ သည်။

” ဒါဆိုရင်တိုင်းအတွင်း ကျန်းမာရေး ကဏ္ဍက စိတ်ချနေရပြီပေါ့နော်” ဟု သရော်သလိုလို မေးလာသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ကမ္ဘာ့ကျန်းမာရေး အကောင်းဆုံးနိုင်ငံ ၁၉၀ တွင် မြန်မာက ၁၉၀ ရတဲ့အကြောင်း၊ ဝန်ကြီးချုပ် ခဏခဏ သွားလေ့ရှိတဲ့ ဂျပန်က အဆင့် ၁၀ ရတဲ့အကြောင်းတွေနှင့် စကားနာ ထိုးကြသည်။

ဖိုးဟား အားမလျှော့ပါ။ တစ်နှစ် ကျော်သွားသော်လည်း နှစ်နှစ်ပြည့်ရင် တိုင်းအစိုးရအဖွဲ့ကို တိုင်းအတွင်းရှိ ပြည်သူလူထုက ထောက်ခံဆန္ဒ ပြကိုပြ လိမ့်မည်ဟု ယုံကြည်နေဆဲ။ သို့ကြောင့် ဆက်လက် စည်းရုံးနေမည်ဟု ဆုံးဖြတ် ထားသည်။
သို့သော် ဒီရက်ပိုင်းအတွင်း ဖိုးဟား ကံမကောင်းပြန်..။

ထားဝယ်မြို့အဝင်က လယ်သမား များနှင့် DDPC ထားဝယ်အများပိုင်မြေ ယာပြဿနာ ဖြစ်နေကြသည်။ တချိန် တည်းမှာပင် ဖိုးဟားတို့တိုင်းအစိုးရ အဖွဲ့ကို လူပျောက် ကြေညာကြမည်ဟု ဆိုသည်။ တိုင်းအစိုးရ အဖွဲ့မအားဘူး ဆိုသည်ကို သင်းတို့က နည်းနည်းလေးမျှ နားလည် မပေးကြချေ။
မည်မျှထိ မအားကြသည်ကို သူတို့ မသိ။ ပြဿနာဖြစ်သည့် နောက်တစ်နေ့ မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုတိယ အကြိမ် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးပွဲ လုပ်ရန် မြိတ်သို့ ရောက်နေရသည်။

ယင်းကိုပင် ” အစိုးရအဖွဲ့က မြိတ် ကမ်းနားလမ်းမှာ အမှိုက်သွားကောက်ကြ တယ်” ဟု ပြောရက်ကြလေသည်။
မဖြစ်..။ ဖိုးဟား ယတြာချေမှ ရ မယ်။ ဖိုးဟား၏ ထောက်ခံပွဲအိပ်မက်တွေ အမှန်ဖြစ်လာဖို့၊ တိုင်းအစိုးရအဖွဲ့ကို ထောက်ခံဆန္ဒပြပွဲ အောင်မြင်လာဖို့အရေး ယတြာကောင်းကောင်း ချေရန် ဆုံးဖြတ် လိုက်ပါပြီ။

ဝန်ကြီးချုပ်ကလည်း နှာခေါင်း ပိတ်စည်း၊ ပင်နီအင်္ကျီဝတ်၊ လက်အိတ် စွတ်တံမျက်စည်းကိုင်ကာ၊ မြိတ်ကမ်းနား လမ်းတွင် ယတြာသွားချေနေတယ်လို့ ပြောနေကြတော့လည်း မထူးတော့ဘူး။ ဖိုးဟားလည်း ယတြာချေတော့မည်။ ငပိ ကြော်၊ ငါးခြောက်ကြော်၊ မြေပဲဆံကြော်၊ လက်ဖက်၊ စားဆီတစ်ပုလင်းနှင့် တာ ရှည်ခံ မုန့်ခြောက်ထုတ်တွေရယ် ကော်ဖီ မစ်တွေရယ် ဝယ်စုထားပြီး ယတြာချေမှ ရမည်။
ဖိုးဟား ယတြာမချေမီ အချိန် အတွင်းမှာတော့ တိုင်းအစိုးရကို ထောက် ခံဆန္ဒပြဖို့ လိုက်လံစည်းရုံးနေရပါဦး မည်။
ဖိုးဟား၏ တိုင်းအစိုးရကို အရမ်း ချစ်၍ ဖြစ်ပါသည်။